သရဲမများနှင့် အိပ်စက်ခြင်း
သရဲမများနှင့် အိပ်စက်ခြင်း
၁၄၅/၅၀၅ ထောင်မှတ်စု (Episode 6)
လူ့အဖွဲ့အစည်းကို အပေါ်စီးက လက်နက်အားကိုးနဲ့ဗိုလ်ကျစိုးမိုးနေကြတဲ့ စစ်ဘီလူးအာဏာရှင်တွေကို
တိုင်းပြည်ရဲ့ နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ၊ ဘဝများစွာ စတေးခံပြီး အသေခံပြီး အလကားတိုက်ခိုက်နေကြတာမဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ထောင်ထဲမှာသေကြရသူ၊ သေနေကြသူတွေဟာ စာရင်းရှိ၊ စာရင်းမဲ့ များစွာရှိနေဆဲ။ “အာဏာသိမ်းတာငြိမ်ခံလိုက်ပေါ့လို့” ဉာဏ်တိမ် နလပိန်းတုံးလူ့အန္ဓတွေ နဲ့ အကျိုးစီးပွားဖက်အရိုးကိုက်တွေက ပြောတတ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘုံအလယ်မှာ မတရားမှုကို တွန်းလှန်ကြသူများကိုသာ လူ့ဂုဏ်သိက္ခာရှိသူ၊ လူ့ဂုဏ်နဲ့ထိုက်တန်သူများအဖြစ် မော်ကွန်းထိုးမှတ်တမ်းတင် ခံကြရပါတယ်။ အောက်တန်းစားတာတောင် နပ်မမှန်တဲ့ လူသိမ် လူဖျင်း လူနုံ လူယုတ် တွေကိုတော့ သူတို့ရဲ့ယုတ်မာအောက်တန်းကျမှုတွေကိုပဲ ရွံရှာမုန်းတီး သံဝေဂယူဖွယ်ရာ လူသားကမ္ဘာက မှတ်တမ်းတင်တယ်။ သိကြားမင်းက ခွေးရေပုရပိုက်နဲ့ ရေးမှမဟုတ်ဘူး။ လူ့သမိုင်းဟာ အခုထိ လူသိရှင်ကြား ရေးထိုးခရီးဆက်နေဆဲပါ။ သမိုင်းရဲ့အမှိုက်ပုံထဲမှာ အပုပ်အဟောင်တွေနဲ့အတူ မဖော်ပြခံရဖို့ ရုန်းကန်ရှင်သန်ရတာကိုက လူဖြစ်ရခြင်းရဲ့ အနှစ်သာရတစ်ခုဖြစ်ပါတယ်။ အနိုင်ရသူ သမိုင်းရေးစတမ်းလို့ ကြွေးကြော်ခဲ့ကြသော်လည်း ကမ္ဘာ့သမိုင်းမှာ အာဏာရှင်လူသတ်သမားတွေကို ဘာအဆောက်ဦပဲဆောက်ဆောက်၊ ဘာအလှူပဲလုပ်လုပ် ဘယ်သမိုင်းဆရာကမှ ကြီးမြတ်ဂုဏ်ရှိသူတွေလို့ မော်ကွန်းမှတ်တမ်းထိုးထားတာမရှိဘူး။
ဒီလိုမတရားမှုတွေကို တွန်းလှန်ရှင်သန်ခဲ့သူတွေရဲ့ အဖြစ်အပျက်တွေကို မော်ကွန်းထိုးမှတ်တမ်းတင်ကြရမှာ BPN ရဲ့ ထောင်မှတ်စုအပိုင်းတွေလည်း ပါဝင်ပါတယ်။ ဒါတောင်မှ ခေတ်သစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အဓမ္မဖမ်းဆီး ညှင်းပမ်း သိက္ခာချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများစွာထဲက တစ်ဦးတစ်လေရဲ့ ဇာတ်လမ်းတွေကိုသာ ဖော်ညွှန်းနိုင်ခြင်းပဲရှိသေးတယ်။ ဘာဂုဏ်မှမရှိသူတွေရဲ့ သိက္ခာချပုံဖျက်မှုတွေကို ဒီလိုစိတ်ဓါတ်ခိုင်မာစွာ တောင့်ခံနေကြသူတွေ အရာအထောင် အကျဉ်းစခန်းတွေထဲ ရှိနေပါတယ်။
အခုအပိုင်းမှာ ထောင်တွင်းရုန်းကန်ရချိန် တိုက်ပါပိတ်ခံရပြီး စိတ်ခြောက်ခြားဖွယ်ရာ ဖြတ်သန်းခဲ့ရတဲ့ ညတွေကို ပြောပြထားပါတယ်။ နာနာဘာဝ ဝိနာဘာဝ ပရလောက စသဖြင့် ယုံချင်ယုံ မယုံချင်နေ လွတ်လပ်ခွင့်ရှိတဲ့ လောကမှာ အနုပညာသမား၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် သရဲတွေနဲ့ ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကို မင်းခေါင်ရဲ့ အသံဩဇာနဲ့အတူ နားဆင်ကြရမှာဖြစ်ပါတယ်။
ဇာတ်ညွှန်း – MYP
ဇာတ်ကြောင်းပြော – မင်းခေါင်
Illustration by Wooh
Produced by Burma Podcast Network
