Digital သင်ပုန်းကြီး

Hosted ByBPN & Digixile

ဒစ်ဂျစ်တယ် သင်ပုန်းကြီး (သို့) ဒစ်ဂျစ်တယ်လုံခြုံရေးကို ရပ်ကွက်အထာဖြင့် ချဥ်းကပ်ကြည့်ခြင်း

မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ သန်း ၃၀ ကျော် ရှိနိုင်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ မနီးစပ်တဲ့ လူကြီးလူငယ်၊ နယ်ပယ်အသီးအသီးက လုပ်သားတွေ၊ အတတ်ပညာရှင်တွေ သန်းပေါင်းများစွာ ပါဝင်နိုင်ပါတယ်။ အင်တာနက်အသုံးပြုသူအားလုံးဆီမှာ အဖြေမရသေးတဲ့ မေးခွန်းတွေ ရှိတတ်ကြပါတယ်။ အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲ၊ အင်တာနက်ကို ဘယ်သူကပိုင်သလဲ၊ ဗီဒီယိုကော ပြောရင် အခြားတစ်ယောက်ယောက်က ကြားဖြတ်နိုင်သလား၊ အလကားရတဲ့ VPN တွေက ဘာလို့အလကားရနေတာလဲ၊ ဖေ့စ်ဘွတ်သုံးရင် ဖုန်းဘေလ်ကုန်တယ်​ ဒါဆို ဖုန်းဘေလ်ထဲက ဖေ့စ်ဘွတ်က ရာခိုင်နှုန်းရတာလား? ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေတွေက နည်းပညာ ဂုရုကြီးတွေဖြစ်လို့ မသိသူတွေကို သိနားလည်အောင် အချိန်ပေးပြီး ရှင်းပြကောင်း ရှင်းပြကြပါလိမ့်မယ်။ သို့သော် အားလုံးကို အချိန်ပေးပြီး စိတ်ရှည်ရှည် မရှင်းပြနိုင်ရင်လည်း အပြစ်ရှိသလိုခံစားစရာ မလိုတော့ပါဘူး ဒီ Podcast ကိုညွှန်းပေးလိုက်ရုံပါပဲ။

ဒစ်ဂျစ်တယ် သင်ပုန်းကြီး Podcast တစ်ပုဒ်ချင်းစီတိုင်းမှာ ရပ်ကွက်ထဲက အလိုရှိနေတဲ့ အင်တာနက်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို အားလုံးနားလည်တဲ့ အသုံးအနှုန်း ဝေါဟာရတွေနဲ့ ဖြေရှင်းထားပေးလို့ နည်းပညာနဲ့မဝေးကွာချင်တဲ့ မိတ်ဆွေများမြင်သာအောင် Share ပေးခြင်းဖြင့် ပိုကောင်းမွန်လုံခြုံသော အင်တာနက် ရပ်ဝန်းတစ်ခု တည်ဆောက်ရာမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒါနဲ့ - ငါးမန်းကိုက်ရင် လိုင်းတကယ်ကျတာလား?

ဘဝပျက်သွားနိုင်သည့် ဆိုက်ဘာခြိမ်းခြောက်မှုများ

မြန်မာနိုင်ငံ NGO၊ CSO၊ Start Up အသင်းအဖွဲ့များမှာ ဒစ်ဂျစ်တယ်လုံခြုံရေး ပြင်ဆင်ထားမှုတွေဟာ လုံးဝမရှိတာ သို့မဟုတ် အဖြစ်သဘောစာရွက်ပေါ်က လူနားမလည်တဲ့ IT စည်းကမ်းများအဖြစ် ရှိနေကြခြင်းအပေါ် ၁၃ နှစ်ကျော် ဆိုက်ဘာလုံခြုံရေးအတွေ့ကြုံရှိ Expert တစ်ယောက်နဲ့ ဆွေးနွေးအဖြေရှာကြည့်ခြင်း။

Leave a Reply

Your email address will not be published. Required fields are marked *