လရောင်ကို မျက်ရည်နဲ့ ဝယ်ရတဲ့ “အဝယ်တော်ဘဝတွေ”
ကရင်တိုင်းရင်းသားတွေ ကြက်ငှက်တွေလို ပုန်းနေကြရတဲ့ ဘဝတွေကြား ကိုငြိမ်းဝေရဲ့ အမှတ်တရတစ်ခု။ ဒုံသမိချောင်းဘေး တောင်ရိုးထိပ်က လမင်းကြီးနဲ့ ကဗျာဆရာလှိုင်းထက်ရဲ့ အဝယ်တော်ကဗျာကို ဆက်စပ်ထားပါတယ်။ ဝင်စားနားဆင်နိုင်ကြပါစေ။
(စာကြွင်း) အခုက ၂၀၂၆ ခုနှစ်နှောင်းပိုင်းဖြစ်နေပြီဆိုတော့ ၂၀၂၁ ကနေ စတွက်ရင် စစ်အာဏာသိမ်းမှု တစ်ဝက်ကျိုးကာလ ၂၀၂၃ မှာ ကဗျာဆရာငြိမ်းဝေ ဘာပြောခဲ့လဲ? အခု ၃ နှစ်ကြာကာလမှာ ဘာတွေကွာခြားသွားပြီလဲဆိုတာ အတွေးပွားနိုင်ကြဖို့ ကဗျာဆရာ (ဦး) “ငြိမ်းဝေ” ရဲ့ ပေါ့ဒ်ကတ်စ်ကို နားဆင်ကြည့်ပါ။
