BPN Debate Lab အစီအစဥ်အတွက် _ Debate အသင်းများ ဖိတ်ခေါ် ခြင်း

🎙️ Debate Podcast

ဤအစီအစဉ်ကို European Union 🇪🇺 မှ ပံ့ပိုးထားပါသည်

Burma Podcast Network ၏ အွန်လိုင်း ဒီဘိတ်အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ပညာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆွေးနွေးတင်ဆက်မှုများကိုလည်း Debate Podcast Episode အဖြစ် စနစ်တကျ ရိုက်ကူး ထုတ်လွှင့်ပေးမည်ဖြစ်သည်။ အစီအစဉ်အပြီးတွင် 1,200,000 MMK အဖွဲ့ဆုကြေးကိုလည်း ရရှိမည်ဖြစ်သည်။


BPN Debate Lab ဆိုတာ ဘယ်လိုအစီစဥ်လဲ


ဘာကြောင့် Debate Program ပြုလုပ်ဖြစ်တာလဲ


ဘယ်သူတွေ လျှောက်ထားသင့်သလဲ?

ဤအစီအစဉ်တွင် ၃ ဦးပါ အဖွဲ့များသာ လျှောက်ထားနိုင်သည်။


Debate ပြုလုပ်မည့်အကြောင်းအရာ : မြန်မာနိုင်ငံရှိ လူငယ်နှင့် ပညာရေး

ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ လူငယ်များ၏ အတွေ့အကြုံများ၊ အခက်အခဲများနှင့် ပညာရေး၏ အနာဂတ်ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည် ။ ပညာရေးလက်လှမ်းမီမှု ၊ လူငယ်အခွင့်အလမ်းများ ၊ နည်းပညာနှင့် ပညာရေးရပ်ဝန်းအစရှိသည့် အကြောင်းအရာများပါဝင်နိုင်သည်

Debate ပြုလုပ်မည့်ခေါင်းစဥ်များ

  • မြန်မာလူငယ်များသည် ကျောင်း/တက္ကသိုလ်သို့ ပြန်သွားခြင်းကို ဦးစားပေးသင့်သလား သို့မဟုတ် vocational skill များကို ဦးစားပေးသင့်သလား?
  • ကျောင်းပြင်ပတွင်ရှိနေသော ကလေးများကို ပံ့ပိုးသင့်သလား သို့မဟုတ် ကျောင်းတွင်းရှိ ကျောင်းသားများကို ပိုမိုပံ့ပိုးသင့်သလား?
  • ကလေးတိုင်းသည် မိခင်ဘာသာစကားဖြင့် မူလတန်းပညာရေး ရရှိသင့်သလား?
  • စမတ်ဖုန်းအသုံးပြုမှုသည် ကျောင်းနှင့် သင်ယူမှုအခြေအနေတွင် အပြုသဘောထက် အနုတ်သဘော သက်ရောက်မှု ပိုများသလား?

အဖွဲ့ဆုကြေး

  • ဆုကြေးကို အဖွဲ့တစ်ဖွဲ့အတွက် တစ်ကြိမ်တည်းပေးမည်
  • အဖွဲ့အတွင်း ခွဲဝေမှုကို အဖွဲ့သားများကိုယ်တိုင် စီမံရမည်
  • အစီအစဉ်ပြီးဆုံးပြီး လိုအပ်သောစာရွက်စာတမ်းများ တင်ပြီးမှသာ ပေးချေမည်

အစီအစဉ်အချိန်ဇယား 📆

Stage 1: လျှောက်လွှာတင်ခြင်းနှင့် ရွေးချယ်ခြင်း — 6 July နောက်ဆုံးနေ့
Stage 2: Orientation နှင့် ပြင်ဆင်ခြင်း — 9 July
Stage 3: Debate ပြင်ဆင်ခြင်းနှင့် Coaching — July ဒုတိယအပတ်
Stage 4: Online Recording Sessions — July တတိယအပတ်
Stage 5: Digital Platforms တွင် ထုတ်လွှင့်ခြင်း


အရေးကြီးမှတ်ချက်များ

ယခုအစီစဥ်နှင့်ပတ်သတ်သည့် မေးခွန်းများ မေးမြန်းရန် ။ bpn.admin@proton.me

About BPN

To date, BPN has produced 16 shows and more than 135 episodes, working with individuals and organizations from different fields. Our content reaches over 60,000 active listeners across Facebook, YouTube, TikTok, and other podcast platforms.

Our full-time committed production team, supported by research-based editorial work, ensures that every project we produce creates a positive impact for both the community and our collaborators.

Our mission is to promote analytical and critical thinking through well-crafted podcasts, amplify the voices of marginalized and under-represented professionals and active citizens, and inspire public awareness by connecting civic values with engaging, high-quality edutainment.

Leave a Reply

Your email address will not be published. Required fields are marked *