ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့
သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။
အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။ အခုအပိုင်းမှာ ဒီအရသာကို ဖမ်းယူ frequency ညှိနိုင်ပါပြီ။
အကြောင်းမျိုးစုံကြောင့် သင်္ကြန်ရေစိုခွင့်မရှိတဲ့၊ မရတဲ့ ရင်နှစ်သည်းချာအပေါင်းကိုလည်း ဒီအပိုင်းလေးနဲ့ BPN က လက်တို့လိုက်ပါတယ်။
