နားငြီးနိုင်ငံရေး
လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့ရှိနေပေမဲ့ လူသားထုရဲ့ လွတ်လပ်မှုကို ဖိစီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ ခေတ်သစ်ခြေလှမ်းတွေဖြစ်ကြတဲ့ အာဏာရှင်ချင်း နည်းပညာပိုင်းကူညီတာ၊ နိုင်ငံရေးဖိနှိပ်တဲ့ နည်းစနစ်တွေကို မျှဝေတာတွေကို အခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်။ ရွေးကောက်ပွဲကို အသုံးချတာကလည်း အဲ့ဒီနည်းတွေထဲကတစ်ခုမှန်း လူတွေသိနေကြပါပြီ။
BPN က ပေါ့ဒ်ကတ်စ်တွေကို အပတ်စဉ် အဆက်မပြတ်တင်နေရာမှာ ယခုတစ်ဖန် အလှည့်ကျလာတာကတော့ ဉာဏ်သူပုန်ပဲဖြစ်ပါတယ်။ မြန်မာပြည်မှာလုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဉာဏ်သူပုန်မိတ်ဆွေများ အချင်းချင်း ပြောဆိုတွေးတောကြတဲ့ အချက်တွေနဲ့ ထုံးစံအတိုင်း မောင်ရင့်ဝေဒနာတွေ၊ ဝေဘင်ချက်တွေအပြင် ရွေးကောက်ပွဲဟာအဖြေလားဆိုတဲ့ မေးခွန်းကိုလည်း တစ်စွန်းတစ်စ ဆွဲထုတ်ထား စောကြောထားပါသေးတယ်။ ဒီပေါ့ဒ်ကတ်စ်ဟာ အာဏာရှင်ချင်း သွေးစည်းညီညွတ်တဲ့ခေတ်မှာ တရားမျှတမှုကို လိုချင်သူချင်း သွေးစည်းညီညွတ်ကြဖို့အတွက် ဆော်ဩချက်တစ်ခုဖြစ်ပါလိမ့်မယ်။
