ပဥ္စလက်ကျားဖြန့်
ခေတ်သစ်မှာ မာယာတစ်သိန်းအပလိန်းအနန္တနဲ့ ဒုဇရိုက်လောကတခွင် ကြီးစိုးမင်းမူနေတာကတော့ ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို ဒေသတွင်းရာဇဝတ်ဂိုဏ်းတွေ၊ လက်နက်ကိုင်တွေနဲ့ အစိုးရတွေကပါ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်နေကြတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြကြပါတယ်။ အဲ့တာကြောင့်လည်း မိုးဦးကျမှိုတွေလို ဟိုတစ်အုပ်ခူးလိုက် ဒီတစ်အုပ်ပေါ်လိုက်ဖြစ်နေတာဖြစ်ပါတယ်။...
