featured

ညိုကီဆက်လျှောက်

“ညိုကီ x ဆက်လျှောက်” လာပါပြီ။ “ကျွန်တော့်ခြေထောက်က ညာဘက်ပြတ်တာ “ဆက်လျှောက်” Logo က ဘယ်ခြေတုပုံ…ကျွန်တော့် တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ အခြား ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေအားလုံးကိုကိုယ်စားပြုတယ်။” လေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လျှောက်နေတဲ့ ညိုကီ ကျီးကန်း အကြောင်းကို Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။ Disclaimer: ယခုအပိုင်းတွင် Suicide နှင့်ပတ်သက်သည့် ကိစ္စရပ်များ ပါဝင်ပါသည်။

Read More

ကိုယ့်ကိုယ်ကို အလေးဂရုပြုခြင်း

မိတ်ဆွေတို့ရေ မာလာရှမ်းကောစားပြီး Self Care လုပ်၍ သူငယ်ချင်းတစ်စု အစာအိမ်နာသွားခြင်း၊ အရမ်းတော်သောကြောင့် မိမိကိုယ်ကို ဖုန်းအသစ် လက်ဆောင်ဝယ်ပေးလိုက်ရာ အိမ်လခ ပေးစရာမရှိတော့ခြင်း ဆိုတာမျိုးတွေရော ကြုံဖူးကြလား? မိမိရဲ့ စိတ်/ရုပ် ကျန်းမာခြင်းကို အချိန်ပေး ဂရုစိုက်ခြင်းဆိုတာ အရေးကြီးတဲ့ကိစ္စပါ။ ဒါလုပ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မလဲ သိထားမှ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မယ်၊ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့ စိတ်ခွန်အား၊ ရုပ်ခွန်အား ရှိကြမှာပါ။ စိတ်ဖိစီးနေသော BPN ပရိသတ်များ Podcast နားထောင်ခြင်းဖြင့် အကျိုးများစေဖို့ ရည်ရွယ်ပြီး BPN ဝိုင်းတော်သားတွေက Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist…

Read More

From Bangkok to Mae Tao Clinic

ရွှေ့ပြောင်းမြန်မာများအတွက် ကီလို ၅၀၀ လမ်းလျှောက်ခဲ့သူ စင်္ကာပူလူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း Jeshua ဆိုတဲ့ စင်္ကာပူနိုင်ငံသား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့ကနေ တက်ခ်ခရိုင် မဲဆောက်မြို့ကို ခရီးထွက်လာပါတယ်။ ထူးဆန်းတာက ခြေလျင်ခရီးဖြစ်ပါတယ်။ ရာသီဥတုက March လကြီး ဖြစ်တဲ့အလျောက် အပူချိန်အတော်မြင့်သလို ခရီးစဥ်ဟာ စုစုပေါင်း 500 Kilometer ဖြစ်ပြီး ၁၂ ရက် နဲ့ နေ့တစ်ပိုင်း အချိန်ကြာ လျှောက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က မယ်တော်ဆေးခန်းလို့ လူသိများကြတဲ့ ( Mae Tao Clinic ) အတွက် စင်္ကာပူဒေါ်လာ ၁ သိန်းခွဲ မတည်လှူဒါန်းနိုင်ဖို့ Fund Raise လုပ်ခဲ့တဲ့ခရီးစဥ်ဖြစ်ပါတယ်။ Burma Podcast Network…

Read More

ဓါတ်ဆရာပေးတဲ့ အိမ်စာများ

90 mins with Ye Aung Thu ဒုတိယပိုင်း လာပါပြီ။ မျှော်ရကျိုးနပ်တဲ့ အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံဆရာလူငယ်ဘဝနဲ့ ရန်ကုန် ကြက်/ဘဲ စျေးထဲက ကြက်သားသည် ရေထိုးနေတာ ရိုက်မိလို့ အဖြဲခံရတာ၊ ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ ဓာတ်ပုံရိုက်တတ်ရုံနဲ့ မပြီးဘဲ ကစားနည်းမျိုးစုံရဲ့ စည်းကမ်းတွေ လိုက်လေ့လာရတာ၊ မြန်မာပြည်နိုင်ငံရေးမှာ ဓာတ်ဖမ်းဆရာတွေ ပါးရည်နပ်ရည်မရှိရင် အကွဲအပြဲထဲ ပဲလှော်ကြား ဆားညှပ်တတ်တဲ့ ကိစ္စတွေထိ ဆရာသမားက အားပါတရ ဝေမျှထားတာ နားဆင်ရမှာပါ။

Read More

ဘိန်းစားတစ်ယောက်အကြောင်း

ဘိန်းစား တယ်ဆိုတာ မူးယစ်ဆေးဝါး သုံးသူတွေထဲမှာ အတော်အဆင့်မြင့်တဲ့ အထဲပါတယ်လို့ ပြောလို့ရတယ်။ ငွေကြေးလိုအပ်ချက်ရယ်၊ အသက်အန္တရာယ်ရယ်၊ နှစ်ရှည် ထောင်ကျနိုင်တဲ့ ပုဒ်မတွေရယ်၊ ဒါတွေအားလုံးကို ရင်းပြီးမှ “ဘိန်းစား” ဖြစ်ခွင့်ရှိကြတာ။ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ကျန်းမာရေး ပညာပေးတွေက ပြောတဲ့ ဘိန်းစားတဲ့ ဇာတ်ကြောင်းနဲ့ ကိုယ်တိုင်ဘိန်းစားတစ်ဦးအဖြစ် ကျေနပ်ကြည်ဖြူစွာ လက်ခံထားသူ လူငယ်တစ်ဦးရဲ့ ဇာတ်ကြောင်းဟာ ဘာတွေ ကွာခြားနေမလဲ? အဆုံးထိ အချိန်ပေး နားထောင်သူတွေပဲ သိပါလိမ့်မယ်။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma…

Read More

မြန်မာပြည်မှာ မကြားဖူးသေးတဲ့ Debate live စကားပွဲ

Should Jokes About Women Disappear from Comedy? _ DEBATE အမျိုးသမီးတွေအပေါ်မှာ ဟာသလုပ်နေတဲ့ ပျက်လုံးတွေ ပျောက်ကွယ်သွားသင့်ပြီ” ဆိုတဲ့ ငြိမ်းချမ်းမေ “Comedian တွေက အရာအားလုံးကို ဟာသလုပ်နေတာပါပဲ” ဆိုတဲ့ ဘဟိန်း သူတို့ ၂ ယောက် အကြိတ်အနယ် ဆွေးနွေးကြမယ့် Debate

Read More

အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကိုမပယ်ပါနဲ့။

ဉာဏ်သူပုန်က မိတ်ဆွေများဟာ လူငယ်ဆိုတဲ့ ဖြစ်တည်မှုကို အလေးထားပါတယ်။ဒီ Podcast တွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေတွေစုစည်းပြီး ကိုယ့်လူတို့ အချင်းချင်းကြားထဲမှာ ဆွေးနွေးစရာလေးတွေ ဆွေးနွေးကြဖို့ တိုင်ပင်ရင်း လုပ်ဖြစ်တာပါ။ လက်ရှိအသက်အထိ ဖြတ်သန်းလာကြတဲ့အခါမှာ မောင်ရင်တို့မျိုးဆက် အဆက်ဆက်ကြုံခဲ့ရတဲ့ ယဥ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေကို လူငယ်အချင်းချင်း နှီးနှောဖလှယ်ပြီး အမြင်တွေတိုက်ကြည့်ကြဖို့ ရည်ရွယ်ချက်ထားပါတယ်။ဉာဏ်သူပုန်ရဲ့ Host တစ်ယောက်ဖြစ်တဲ့ မောင်ရင်က “အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကို မပယ်ပါနဲ့။” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဉာဏ်သူပုန် ထ ပါတယ်။

Read More