Memories of a Poet

7 Episodes | Archived
Hosted By Nyein Wai

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီး နှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို "ကဗျာဆရာ၏ မှတ်ဉာဏ်များ" သို့မဟုတ် "Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါဦးခင်ဗျာ။


All Episodes

သံမဏိဦးဝင်းတင်

ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်စဥ်က ငြိမ်းဝေတသထားတဲ့ ကဗျာတစ်ပုဒ်ကို တင်ပြထားပါတယ်။ ဦးဝင်းတင်ရဲ့ ရပ်တည်မှု၊ မာန်မာနနဲ့ သိက္ခာတရားကို တစ်စိတ်တစ်ပိုင်း မြင်ယောင်နားဆင်ရမှာ ဖြစ်ပါတယ်။

လူလည် စစ်ကြီးကြောင့် ကမ္ဘာကြီး ပျက်နေတာ ကြာပြီ

ပျက်နေတဲ့ကမ္ဘာကြီးကို ဘယ်သူတွေဖန်တီးပြီး ဘယ်သူတွေကယ်တင်ကြမလဲဆိုတာ ငြိမ်းဝေရဲ့ စေ့စပ်လှတဲ့ ကဗျာသုတေသနတွေနဲ့ အတွေးအမြင်တွေ ဖလှယ်ထားတာ နားဆင်ကြရမှာ ဖြစ်ပါတယ်။

ခေတ်ကိုသိချင်ရင် ကဗျာထဲမှာရှာဆိုတဲ့ “မိုးပြိုည”

ခေတ်တစ်ခေတ်အကြောင်းကို သိချင်တဲ့အခါမှာ ကဗျာတွေထဲမှာ ပြန်ရှာကြည့်လို့ ဆိုကြပါတယ်။ စစ်ဖိနပ်အောက်က ရုန်းကန်သံတွေဟာ ဒီနေ့ဒီအချိန်အထိ သောင်ရင်းမြစ်တစ်လျှောက် ပဲ့တင်ထပ်နေခဲ့တာ နှစ်ခုနှစ်ဆယ် ကျော်ခဲ့ပါပြီ။ “မိုးပြိုည”ဆိုတဲ့ ဒီကဗျာတစ်ပုဒ်ကလည်း ခေတ်ပျက်ကြီးထဲက မှတ်တမ်းတစ်စောင်ပါပဲ။ နားဆင်ကြပါဦးဗျာ။

ကဗျာဆိုတာ ဘာလဲ?

ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေဟာလည်း သက်ရှိသက်သေတစ်ဦး ဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။ နားသောတ ဆင်ကြည့်ကြပါဦး။

ကဗျာလမ်းသစ်ဖောက်ခဲ့သူ မောင်ချောနွယ်၏ “ပင်မှည့်တေး”

ကဗျာဆရာ (ဦး) ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ်ကဗျာ လမ်းသစ်ဖောက်ခဲ့သူ စွန့်ဦး ကဗျာဆရာတစ်ဦးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ “ပင်မှည့်တေး” ကဗျာကိုခံစား တင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာ တစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစား တင်ဆက်ထားခြင်းဟာ...

နယ်စပ်ကို ဖြတ်ကျော်၍

တော်လှန်သော ကဗျာဆရာ (ဦး)ငြိမ်းဝေဟာ လွန်ခဲ့တဲ့ နှစ် (၃၀) က သူကြုံဆုံခဲ့ရတဲ့ စစ်ဘေးဒဏ်သင့် ကရင်ပြည်နယ် ကြုံစိန်ရွာမှ ငယ်ရွယ်စွာ အသက်ဆုံးပါးခဲ့ရတဲ့ ကရင်သူနာပြုဆရာမလေး နော်ဖောကေနဲ့ ဘဝနောက်ခံတူ နိုဘယ်ဆုရှင် စစ်ပြေးကဗျာဆရာမ “မင်ချူးရာ”...

ဗိုလ်နေဝင်းကို ကလိတဲ့ မျက်လှည့်ဆရာကြီးရဲ့ မယားကဗျာ

ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဘက်က ရပ်နေကြသလဲ? အာဏာရှင်ရဲ့ စာပေစိစစ်ရေး အမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ် နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို (ဦး) ငြိမ်းဝေက ဒီအပိုင်းမှာ တင်ဆက်ထားပါတယ်။ နားသောတဆင်ကြပါဦး။