ဉာဏ်သူပုန်

21 Episodes | Ongoing
Hosted By Maung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။


All Episodes

သရော်တဲ့ ယဉ်ကျေးမှု

ဒီနှစ်ကတော့ ၂၀၂၄ ဖြစ်နေပါပြီ။ ၂၀၂၁ ရဲ့ အကျည်းတန် နေ့ရက်တွေထဲက ချစ်စရာလူထုလှုပ်ရှားမှုတွေ မှိုလိုပေါက်ခဲ့ပါတယ်။ Gen Z ဆိုတဲ့မျိုးဆက်ဟာ နှစ် ၇၀ Standard Army ဆိုတဲ့ ဖက်ဆစ် စစ်တပ်ကြီးကို...

ယာနားနီးချင်းဆွေမျိုးရင်း

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မြန်မာနိုင်ငံနဲ့ လင်မယားလို ဖြစ်နေတာက မိတ်ဆွေတို့ သိကြတဲ့အတိုင်း နယ်နိမိတ်အရှည်ကြီး ထိစပ်နေတဲ့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ပြည်သူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်ရင်ဆိုင်နေရ၊ ရုန်းကန်နေရတဲ့ ကာလတစ်ခုလည်း...

သဘာဝဘေးမှတ်စု

ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊...

သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။

မြန်မာ့လူ့အဖွဲ့စည်းမှာ “အောင် လံ ထူ စစ် သူ ကြီး ပွဲ” ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူ‌တွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။ တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါ‌‌ပေမဲ့ လုပ်စားတွေရဲ့...

နှစ်ပြန်ကြော်သာ အမိ နှစ်ပြန်ကြော်သာ အဖ

ကိုယ့်လူတို့ရေ ဒီတိုင်းပြည်က လူငယ်မှန်ရင် နှစ်ပြန်ကြော်ကိုတော့ ဖြတ်သန်းဖူးတာပဲလို့ မောင်ရင်က ဆိုပါတယ်။ မိတ်ဆွေတို့ရော မောင်ရင်နဲ့ အတွေးသဘောထားချင်း ထပ်တူကျရဲ့လား။ လူငယ်တွေ၊ အခြေခံလူတန်းစားတွေအတွက် ပေါင်းကူးတံတားလို ဖြစ်နေတဲ့ နှစ်ပြန်ကြော်ဋီကာကို မောင်ရင်က ဉာဏ်သူပုန် ထ...

ငါတို့ခေတ်ရဲ့ အစုအဖွဲ့

“တကယ်က အစုအဖွဲ့နဲ့ ဆောင်ရွက်ခြင်းဆိုတာ လူမှုရေးသာမက နိုင်ငံရေး ကိစ္စလည်း ဖြစ်ပါတယ်“ လို့ ဉာဏ်သူပုန်က မောင်ရင်က ဆိုထားပါတယ်။ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြတဲ့ ကာလမှာ အရင်ကတည်းက ဉာဏ်သူပုန်မထခဲ့ကြတဲ့၊ ဉာဏ်သူပုန် မထနိုင်ခဲ့ကြတဲ့ မျိုးဆက်တွေကိုလည်း...

အယ်ဖရက်နိုဘယ် မှသည် အောင်ဆန်းစုကြည်

၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာမြေမှာ နိုဘယ်ဆုရှင်တစ်ဦး မွေးဖွားခဲ့ပါတယ်။ အဆိုပါ ရှားရှားပါးပါး မြန်မာပြည်က အာဂအမျိုးသမီးကြီးတစ်ဦးရဲ့ (၇၉) နှစ်ပြည့်မွေးနေ့အကြောင်းပြုပြီး နိုဘယ်ဆုရှင်တွေအကြောင်းကို မောင်ရင်က ဉာဏ်သူပုန်ထလိုက်ရပါတယ်။

ဝါသနာကို ဖျာကာမရ

ဒီတစ်ခေါက်မှာတော့ လူငယ်တွေ ရှောင်လွှဲလို့မရတဲ့ ပြဿနာကြီးများထဲက တစ်ခုဖြစ်တဲ့ ဝါသနာ ဆိုတဲ့ကိစ္စကို မောင်ရင်က အကျယ်တဝင့် ဉာဏ်သူပုန်ထဖြစ်ခဲ့ပါတယ်။ အာကာသထဲ သွားချင်တဲ့မျိုးဆက်ဟာ စာပေးစာယူဆိုတဲ့ ဘာအဓိပ္ပါယ်မှန်းမသိတဲ့ ပညာရေးစနစ်ထဲနစ်မွန်းခဲ့ရတယ်။ တရားခံဟာ ဘယ်သူပါလဲ?

ဒစ်ဂျစ်တယ်လူ့အန္ဓများ

ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။ သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။...

ငယ်ဘဝပညာရပ်ဝန်း

ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတ ဆင်ကြည့်ကြရအောင်ဗျို့!