ဝိသမလောကသား
ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်က မြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ ပုံမှန်မဟုတ်သော ချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ တင်ဆက်တဲ့ အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့ အရာတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်းမှုကို မှတ်တမ်းတင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့် နားဆင်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂလဆင်ခြင်တုံတရားနဲ့ ယှဉ်ထိုးစဉ်းစား ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း အစီစဉ်မှူးရွှန်းနိုင်က ရှင်းလင်းထားပါတယ်။
