Straight Forward

Hosted ByShoon Naing

Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။

နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း သိကြပါတယ်။ လူငယ်ဘဝမှာ လူကြီးကြိုက်အောင် နေခဲ့သူတွေကတော့ ဒီအရှိန်ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ အဲ့အရှိန်ဆိုတာကြီးက မှန်တာ/မှားတာ တရားတာ/မတရားတာ မဟုတ်ဘူး ပြင်းအားသက်သက်ပါပဲ။ လူ့အဖွဲ့အစည်းရဲ့ တံတိုင်းတွေ၊ ချည်နှောင်မှုတွေ၊ သံကွန်ချာတွေကို ဒီအရှိန်နဲ့ပဲ ရုန်းထွက်ကြတယ်။ ရွှန်းနိုင်ရဲ့ Straight Forward Podcast မှာ ဒီအရှိန်တစ်ခုကို ကောင်းကောင်းကြီး ခံစားရမယ်လို့ အာမခံတယ်။

မှန်တာ/မှားတာ တရားတာထက် လူငယ်တွေမှာ ဘဝဓါတ်ခွဲခန်းထဲက အတွေ့အကြုံတွေရှိတယ်။ ဒီအတွေ့အကြုံတွေကို တဲ့တိုးတင်ဆက်သွားမှာကတော့ မြန်မာနိုင်ငံက ကလောင်ထက်တဲ့ သတင်းထောက်တွေထဲက တစ်ဦးဖြစ်သူ ရွှန်းနိုင်ပဲဖြစ်ပါတယ်။ ရွှန်းနိုင်ဟာ နိုင်ငံတကာ သတင်းလောကမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ ပူလစ်ဇာဆုရ ရှားပါးအမျိုးသမီးသတင်းထောက်ပါ။ ဒီအစီစဉ်ကို Burma Podcast Network မှ ဂုဏ်ယူစွာ ပူးပေါင်းတင်ဆက်ထားပါတယ်။

ဆရာကြီးပြောတဲ့ မူးယစ်ဆေးနဲ့ လောင်းကစား

ဒီတစ်ပတ် Podcast မှာတော့
အာဏာသိမ်းပြီးခါစ ဆန္ဒပြချိန်ကာလတွေနဲ့
နောက်ပိုင်းကာလ ရန်ကုန်မြို့ပြထဲ ပေါ်ပေါက်လာတဲ့ Night Life ပုံစံအသစ်၊
အဲ့ကနေမှတဆင့် လောက်ကိုင်မြို့မှာ ရှိနေတဲ့ ကာစီနိုရုံတွေ အကြောင်း၊ မူးယစ်ဆေးဝါးတွေအကြောင်းကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ “ဆရာကြီး” လို့ အမည်ဝှက်ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ ရွှန်းနိုင်က တဲ့မေးထားတာတွေကို နားဆင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *