Special Episodes

BPN ရဲ့ အထူးထုတ် Podcast တွေကို ဒီနေရာမှာနားဆင်နိုင်ပါတယ်။

From Bangkok to Mae Tao Clinic

ရွှေ့ပြောင်းမြန်မာများအတွက် ကီလို ၅၀၀ လမ်းလျှောက်ခဲ့သူ စင်္ကာပူလူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း Jeshua ဆိုတဲ့ စင်္ကာပူနိုင်ငံသား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့ကနေ တက်ခ်ခရိုင် မဲဆောက်မြို့ကို ခရီးထွက်လာပါတယ်။ ထူးဆန်းတာက ခြေလျင်ခရီးဖြစ်ပါတယ်။ ရာသီဥတုက March လကြီး ဖြစ်တဲ့အလျောက် အပူချိန်အတော်မြင့်သလို ခရီးစဥ်ဟာ စုစုပေါင်း 500 Kilometer ဖြစ်ပြီး ၁၂ ရက် နဲ့ နေ့တစ်ပိုင်း အချိန်ကြာ လျှောက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က မယ်တော်ဆေးခန်းလို့ လူသိများကြတဲ့ ( Mae Tao Clinic ) အတွက် စင်္ကာပူဒေါ်လာ ၁ သိန်းခွဲ မတည်လှူဒါန်းနိုင်ဖို့ Fund Raise လုပ်ခဲ့တဲ့ခရီးစဥ်ဖြစ်ပါတယ်။ Burma Podcast Network အနေနဲ့ Jeshua နဲ့ စကားစမြည် ပြောခဲ့တဲ့ ထဲက အချို့ကို Special Episode တစ်ခုအနေနဲ့ ထုတ်နုတ်တင်ဆက်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *