သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။
မြန်မာ့လူ့အဖွဲ့စည်းမှာ “အောင် လံ ထူ စစ် သူ ကြီး ပွဲ” ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူတွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။
တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆိုကြတယ်။
ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။
ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာ အရောင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါသေးတယ်။
