ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

ဒစ်ဂျစ်တယ်လူ့အန္ဓများ

ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။

သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။ လူတစ်ယောက် ဖုန်းတစ်လုံးကိုင်နိုင်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ပစ်လိုက်တယ်။

လူငယ်တွေ တကယ် နှုတ်ဆိတ်သွားပြီလား?

ရှေးရိုးစွဲနေကျ အမေတွေ၊ အဖွားတွေ၊ နဂါးတွေ၊ ကနားတွေ၊ ဘုရားတွေက နေရာယူလာကြပြီ မိတ်ဆွေ။ အစုအဖွဲ့လိုက် လူညွန့်တုံးသွားအောင် ဆယ်လီဘရစ်တီနဲ့ စစ်ဗိုလ်ချုပ် ကတိပြုခဲ့ကြတယ်။ အနာဂတ်ကို မြင်နေရဲ့သားနဲ့ ဆီဝင်တန်းစီနေရလို့ အရာရာ နောက်ကျကျန်ခဲ့ရတဲ့ မြန်မာနိုင်ငံလူငယ်များ ခင်ဗျာ..သိန်းဖေနှင့်အတူ ဉာဏ်သူပုန်ထရင်း အိပ်မက်များဆီ ဆက်လျှောက်လှမ်းနိုင်ကြပါစေ…။

Leave a Reply

Your email address will not be published. Required fields are marked *