ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

Season 2

သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊ သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဉာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လည်း နားဆင်၊ မိတ်ဆွေများနဲ့လည်း ဝေမျှနိုင်ကြဖို့ Burma Podcast Network က ချစ်ခင်လေးစားစွာ တင်ဆက်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *