ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

စာကြည့်တိုက်နဲ့ AI

ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။

“သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝစာသင်ခန်းထဲ မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ္ပံပညာရှင်ကြီးတွေပေါ့ဗျာ။

အဟုတ်ကို ဘွဲ့ရစာမတတ်ခေတ်။ မောင်ရင်တို့မျိုးဆက်ဟာ ခင်ညွန့်ထရိန်းဆိုပြီးတောင် စကြသေးတယ်။ ခုခေတ်မျိုးဆက်ဆို မင်းအောင်လှိုင်ထရိန်းပေါ့

AI ဆိုတာပေါ်လာတော့ အာဏာနဲ့ နည်းပညာဆိုတာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်သိပ္ပံကား မပြောနဲ့ လက်တွေ့ဘဝမှာ နှစ်ခုပေါင်းစပ်ပြီး ပြဿနာပိုကြီးလာပါတယ်။ “ဥပမာပြောရရင် စကစရဲ့ တန်ပြန်ဒရုန်းနဲ့ ထောက်လှမ်းရေးကိရိယာ တွေဟာ အခုတဖန် ခေါင်းပြန်ထောင်လာတာကို ကိုယ့်လူတို့မြင်ကြရမှာပါ။ တစ်ဖက်မှာလည်း ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အချိန်မရွေး တစ်ရွာလုံးပြာကျသွားနိုင်တယ်။ စေတနာကနေ ဝေဒနာကို ရုတ်ချည်းပြောင်းသွားနိုင်တယ်။ ကိုယ်တင်တဲ့ ကောင်းသတင်းကို ဆိုးသတင်းဖြစ်စေချင်တဲ့အင်အားစု လည်းရှိတယ်။ ကိုယ်က သူပုန်ထနေရတာဆိုတော့ ကိုယ်ကသတိမထားတဲ့အခါ ကိုယ့်လုပ်ရပ်တွေကို လူတွေက အလွယ်တကူနဲ့ စကစလေသံငှားပြီး ကိုယ့်ကို လူယုတ်ဇာတ်သွင်း ပစ်နိုင်တယ်ဆိုတာ မမေ့ကြဖို့ လက်တို့ချင်တယ်။ တော်လှန်ရေးကို တော်လှန်ရေးပုံစံနဲ့ မသွားရင် နှောင့်နှေးကြန့်ကြာတာ ပျက်စီးရတာတွေ ဖြစ်ကြလေ့ရှိတယ်။”

မောင်ရင်ရဲ့ ငယ်ဘဝ အကြောင်းလိုမျိုး မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာ မှတ်မှတ်ရရ အကြောင်းလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *