ယာနားနီးချင်းဆွေမျိုးရင်း
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မြန်မာနိုင်ငံနဲ့ လင်မယားလို ဖြစ်နေတာက မိတ်ဆွေတို့ သိကြတဲ့အတိုင်း နယ်နိမိတ်အရှည်ကြီး ထိစပ်နေတဲ့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။
အခုချိန်မှာ ပြည်သူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်ရင်ဆိုင်နေရ၊ ရုန်းကန်နေရတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။
ဒီအပိုင်းမှာ မောင်ရင်က အရပ်သားတစ်ယောက်အနေနဲ့ ဘောင်တွေကို ဘယ်လိုကျော်ကြည့်ပြီး ဉာဏ်သူပုန်ထထားလဲဆိုတာ မိတ်ဆွေတို့ နားဆင်ကြည့်ပါဦး။
မိတ်ဆွေတို့ရဲ့ နိုင်ငံတကာအရေး အမြင်ကရော မောင်ရင့်အမြင်နဲ့ ထပ်တူကျနိုင်လောက်လားဆိုတာ မှတ်ချက်ပြုခဲ့ကြပါဦး။
