ညိုကီFM

Hosted BySammy

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါဦးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

အိမ်ပြန်ခရီး နီးစပ်နေပြီလား?

ညိုကီ FM ရဲ့ တော်လှန်ရေးထဲက ညိုကီတစ်ဦးနဲ့ Special အပိုင်းသစ် လာပါပြီ။

ကျွန်တော်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်အနှံ့က ချစ်မိတ်ဆွေ သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီး နီးစပ်နေပြီလား။

အိမ်ပြန်လာကြတဲ့ မိတ်ဆွေတွေကို ဘယ်လို ကြိုဆိုသင့်ကြသလဲ။

မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး မတိုင်ခင်နှစ်များထဲက မြန်မာလူငယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ လူသိများတဲ့ ညိုကီတစ်ဦး မြို့ပြကို ခေတ္တရောက်ချိန် ဖိတ်ခေါ်စကားပြောဖြစ်ခဲ့ပါတယ်။

အဆိုပါ ညိုကီကတော့ 96 soldiers တာဝန်ခံ ဇေယျာလွင်ပဲ ဖြစ်ပါတယ်။

ဇေယျာလွင် ကို Burma Podcast Network က ဘဟိန်းက မေးမြန်းထားပါတယ်။

မိတ်ဆွေတို့မှာလည်း အိမ်ပြန်လာမယ့်အချိန် မျှော်နေသူတစ်ယောက် ဒါမှမဟုတ် ကိုယ်တိုင် အိမ်ပြန်ဖို့ တိုက်ပွဲဝင်နေသူတစ်ဦးဆိုရင် ဒီအပိုင်းကို နှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *