ညိုကီFM

Hosted BySammy

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါဦးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

ဂြိုဟ်သား၊ ဝိပသနာနှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း

စံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တေ့ာ အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။

ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုဟ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။

BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊ မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *