ဖက်ရှင်မိ၏၊ မမိ၏
ဒီအပိုင်းလေးက သွင်းထားတာကြာပါပြီဗျာ။ အချို့ Spotify က မိတ်ဆွေတွေတောင်မှ နားထောင်ပြီးလောက်ပါပြီ။ ဆယ်ကျော်သက်အရွယ်ထဲက အိမ်က ဆင်ပေးတဲ့ အဝတ်အစားတွေကနေ တော်လှန်ပြီး စိတ်ကြိုက် ဖက်ရှင်တွေ၊ ဆံပင်ကေတွေ၊ နားကွင်းတွေ အစရှိသဖြင့် ကိုယ်ဘာကောင်လဲ ဖော်ပြနိုင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြသော၊ ကြိုးစားနေကြဆဲဖြစ်သော၊ ကြိုးစားခဲ့ပြီးသော ပုရိသယောကျ်ားများအတွက် ညိုကီ FM က မိတ်ဆွေတွေက တော်ကီဖုတ်ခဲ့ကြပါတယ်။
အမျိုးသမီးများလည်း ဘာဝတ်ရမှန်းမသိနေသော၊ အမြဲတမ်းဖက်ရှင်အဂွမ်းနဲ့ ပေါ်ပေါ်လာတတ်သော အမျိုးသားများကို ကရုဏာပွားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။ နားဆင်ကြပါဦးခင်ဗျာ။
