ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ
Oldies Classic လူငယ် ဂီတသမား – ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း
တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အသစ်တစ်ခုကို ညိုကီ FM နားဆင်သူတွေဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူငယ်ဂီတသမားတစ်ဦးရဲ့ ရုန်းကန်မှုတွေနဲ့အတူ Blues, Rock & Roll နဲ့ Jazz သီချင်းအသစ်တွေကို ခံစားနားဆင်ရမှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဂီတညချမ်းအဖြစ် ခံစားနိုင်ကြပါစေ။
