ညိုကီFM

Hosted BySammy

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါဦးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

အသည်းနုတဲ့ ညိုကီဘဲဥ

ဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။

အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။

မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအ‌ဖြစ် အောက်သက်ကြေတဲ့ ညိုကီ။

မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ “ဘဲဥ” ဆိုတဲ့ သူ့ဇာတ်ကောင်က အမျိုးသမီးတစ်ဦးအပေါ် အင်မတန် စွဲလမ်းတဲ့ အသည်းနုတဲ့ ညိုကီတစ်ယောက်အဖြစ် သရုပ်ဆောင်ချက်မှာ BPN ဝိုင်းတော်သားတွေရော၊ အခြားရုပ်ရှင်ချစ်သူတွေပါ ကြွေခဲ့ရ၊ ကြည့်ရှုသူတွေဆီကနေ ကောင်းတဲ့ ဝေဖန်ချက်တွေ ရလာခဲ့တဲ့ ညိုကီ။

ဒီညိုကီရဲ့ နာမည်ကတော့ “Will” ပါ။ သူ့ရုပ်ရှင်ကြည့်ဖူးတဲ့ ပရိသတ်တွေကတော့ ယနေ့အထိ ချစ်စနိုးနဲ့ အပြင်မှာတွေ့ရင် “ဘဲဥ” လို့ခေါ်ကြတယ်။

ဒီအပိုင်းမှာ ညိုကီ”ဘဲဥ” က
🎥ရုပ်ရှင်အပေါ် ရူးသွပ်မှုအကြောင်းတွေ
🎥ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ဖို့ အမြဲကြိုးစားတဲ့ ဘဲဥ၊ ရုပ်ရှင်တွေ ရိုက်ရင် ဘယ်လိုစိတ်ခံစားချက်တွေ သွင်းရလဲ။
🎥ပေါကားတွေအပေါ် သူ့အမြင်
စတဲ့အကြောင်းအရာတွေကို ပြောထားပါတယ်။

ညိုကီဘဲဥရဲ့ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ပိုင်းနဲ့ သူ့ရဲ့ အနုပညာအပေါ်ခံယူချက်တွေကို နားထောင်ကြည့်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်စွာဖြင့် တင်ဆက်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *