Ball Cast

Hosted Byကိုညို & ကိုစနေ

ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ball Cast ဖြစ်လာပါတော့တာပါပဲ ⚽️ ဒီပရိုဂရမ်က အင်တာနက်အခက်အခဲဖြစ်နေတဲ့ ဘောလုံးအားကစားကို နှစ်သက်သော ချစ်မိတ်ဆွေတွေအတွက် ဘောလုံးသမိုင်းကြောင်း၊​ နောက်ခံစီးပွားရေး အရှုပ်တော်ပုံ နဲ့ ခေတ်မှီနည်းပညာရဲ့ အားကစားပေါ်လွှမ်းမိုးမှုအစရှိတာတွေကို လက်ဖက်ရည်ဆိုင် စကားဝိုင်းများ ပမာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နားဆင်ကြပါဦးဗျို့! ⚽️

ဘောလုံးအသင်းပိုင်ရှင်က ဘာတွေပိုင်ဆိုင်လဲ။

ကမ္ဘာပေါ်မှာ Follower အများဆုံးတွေထဲက ဘောလုံးအသင်းတစ်ခုဖြစ်တဲ့ မန်ယူအသင်းလို တခြား နာမည်ကြီး ဘောလုံးအသင်းတွေရဲ့ ပိုင်ရှင်တွေအကြောင်း၊ ဘောလုံးလောကမှာ အသင်းပိုင်ရှင်တွေက ဘယ်လိုအနေအထားတစ်ခုမှာ ရှိနေလဲ။ Ballcast က podcasters တွေကတော့ ဒီအပတ် ဘောလုံးအသင်းပိုင်ရှင်တွေအကြောင်းကို တင်ဆက် ဆွေးနွေးထားပါတယ်။ မိတ်ဆွေတို့ သဘောကျတဲ့ အသင်းပိုင်ရှင်တွေကရော ဘယ်သူတွေလဲ၊ နားထောင်ရင်း ဝင်ရောက်ဆွေးနွေးပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *