Ball Cast

Hosted Byကိုညို & ကိုစနေ

ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ball Cast ဖြစ်လာပါတော့တာပါပဲ ⚽️ ဒီပရိုဂရမ်က အင်တာနက်အခက်အခဲဖြစ်နေတဲ့ ဘောလုံးအားကစားကို နှစ်သက်သော ချစ်မိတ်ဆွေတွေအတွက် ဘောလုံးသမိုင်းကြောင်း၊​ နောက်ခံစီးပွားရေး အရှုပ်တော်ပုံ နဲ့ ခေတ်မှီနည်းပညာရဲ့ အားကစားပေါ်လွှမ်းမိုးမှုအစရှိတာတွေကို လက်ဖက်ရည်ဆိုင် စကားဝိုင်းများ ပမာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နားဆင်ကြပါဦးဗျို့! ⚽️

မြန်မာပြည်က အကောင်းဆုံးဘောလုံးကွင်းမှာ ဘောလုံး ကန်ဖူးလား။

ဘောလုံးကွင်းအမျိုးအစား အများကြီးထဲကမှ ဘယ်လိုကွင်းမျိုးကို ကန်ရတာ ကြိုက်လဲ။

မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာရော ဘယ်လိုဘောလုံးကွင်းမျိုးတွေကို ကြိုက်နှစ်သက်ကြလဲ။

ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က ငယ်ငယ်တုန်းက ကန်ခဲ့ရတဲ့ ဘောလုံးကွင်းတွေအကြောင်း၊ နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်းတွေအကြောင်းကို ဆွေးနွေးထားကြပါတယ်။
မိတ်ဆွေတို့နဲ့ရော အကြိုက်တူကြလား၊ မိတ်ဆွေတို့ကရော ဘယ်လို ဘောလုံးကွင်းတွေမှာကန်လေ့ရှိလဲ၊ ဘယ်လို ဘောလုံးကွင်းတွေကိုမှ အကြိုက်တွေ့လဲဆိုတာ ဆွေးနွေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *