Ball Cast

Hosted Byကိုညို & ကိုစနေ

ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ball Cast ဖြစ်လာပါတော့တာပါပဲ ⚽️ ဒီပရိုဂရမ်က အင်တာနက်အခက်အခဲဖြစ်နေတဲ့ ဘောလုံးအားကစားကို နှစ်သက်သော ချစ်မိတ်ဆွေတွေအတွက် ဘောလုံးသမိုင်းကြောင်း၊​ နောက်ခံစီးပွားရေး အရှုပ်တော်ပုံ နဲ့ ခေတ်မှီနည်းပညာရဲ့ အားကစားပေါ်လွှမ်းမိုးမှုအစရှိတာတွေကို လက်ဖက်ရည်ဆိုင် စကားဝိုင်းများ ပမာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နားဆင်ကြပါဦးဗျို့! ⚽️

ဘာလို့ဘောလုံးလဲ? ၊ ဘောလုံးကရော ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။

ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခေတ္တလွတ်မြောက်ဖို့ ဖျော်ဖြေရေးကဏ္ဍဟာ မရှိမဖြစ်လိုအပ်ပြီး အဲ့ဒီထဲမှာမှ အားကစားလည်းဖြစ် ဖျော်ဖြေရေးလည်းဖြစ်တဲ့ ဘောလုံးကရော ကျွန်တော်တို့ကို ဘာတွေ ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။

ကျွန်တော်တို့တွေ ဘောလုံးဆိုတာကို ဘယ်လိုစပြီးရင်းနှီးခဲ့သလဲ၊ အခြားအားကစားတွေထက် ဘာကြောင့်ဘောလုံးကို အစဉ်တစိုက် ရွေးချယ်ဖြစ်ခဲ့တာလဲ ဆိုတာအပြင် ကမ္ဘာ့အားကစားဇာတ်ခုံပေါ်မှာ ဘောလုံးအားကစား ထင်ပေါ်ရခြင်းအကြောင်းကို ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဆွေးနွေး တင်ဆက်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *