အထက်ဆင်

Hosted ByNyein Chan May

ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။

ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့ လူငယ်တွေဟာ ကမ္ဘာကြည့် ကြည့်နိုင်၊ ပြောနိုင်၊ မြင်နိုင်မလား?
အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အိပ်မက်ခွင့်ရှိကြဦးမလား?
လက်ရှိ ပြည်တွင်းရဲ့ နိုင်ငံရေး လူမှုရေးတွေမှာ ဖိုဝါဒီကြီးတဲ့ ကွန်ဆာဘေးတိုက်တွေရဲ့ အိုကြီးအိုမမျက်နှာတွေကို "အထက်ဆင်" Podcast က ငိုမဲ့မဲ့များဖြစ်သွားစေမလား?

မြန်ပြည်တလွှား Feminism လှုပ်ရှားမှုတွေရဲ့ ဦးစီးဦးဆောင်တွေကများ မျက်ခုံးပင့်ကြည့်ကြမလား? ဒါတော့ မိတ်ဆွေတို့ပဲ နားဆင်ကြည့်ကြပါတော့ရှင်။

အထက်ဆင် ပျံ/ပြန်လာပြီ

ပြောစရာတွေက များလွန်းလို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။

လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။

အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံနဲ့ တင်ဆက်ထားပါတယ်။
မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ကြည့်ကြပါ။

ငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *