မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)
မနက်ဖြန်မှာ ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို BPN ဝိုင်းတော်သားများက လေးစားဂုဏ်ပြုသောအားဖြင့် “အထက်ဆင်” ပေါ့ဒ်ကတ်စ် ရဲ့ Host ဖြစ်တဲ့ မငြိမ်းချမ်းမေက “မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)” ကို တင်ဆက်ထားပါတယ်။ မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံက မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ရင်း နဲ့ အတွေးပွားနိုင်ကြပါစေ။
ဖိနှိပ်ခံရမှုပေါင်းစုံအောက်ကနေ အမျိုးသမီးများ ရုန်းကန် အုံကြွ ဉာဏ်သူပုန်ထ နိုင်ကြပါစေ။
