အထက်ဆင်

Hosted ByNyein Chan May

ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။

ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့ လူငယ်တွေဟာ ကမ္ဘာကြည့် ကြည့်နိုင်၊ ပြောနိုင်၊ မြင်နိုင်မလား?
အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အိပ်မက်ခွင့်ရှိကြဦးမလား?
လက်ရှိ ပြည်တွင်းရဲ့ နိုင်ငံရေး လူမှုရေးတွေမှာ ဖိုဝါဒီကြီးတဲ့ ကွန်ဆာဘေးတိုက်တွေရဲ့ အိုကြီးအိုမမျက်နှာတွေကို "အထက်ဆင်" Podcast က ငိုမဲ့မဲ့များဖြစ်သွားစေမလား?

မြန်ပြည်တလွှား Feminism လှုပ်ရှားမှုတွေရဲ့ ဦးစီးဦးဆောင်တွေကများ မျက်ခုံးပင့်ကြည့်ကြမလား? ဒါတော့ မိတ်ဆွေတို့ပဲ နားဆင်ကြည့်ကြပါတော့ရှင်။

Myanmar in 2021 and 2024: Resilience and Voice of People

ဒီနေ့ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊ လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှ မနားဘဲ ပါဝင်နေကြပါတယ်။

ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ Burma Podcast Network မှ အထက်ဆင် Podcast ရဲ့ Host မငြိမ်းချမ်းမေနဲ့အတူ Stiftung Asienhaus Germany မှ မြန်မာ့အရေးလေ့လာသူ Mr. Majid တို့ ဆွေးနွေးထားတဲ့ အထူး Episode ” Myanmar in 2021 and 2024: Resilience and Voice of People” Podcast ကို နားဆင်ကြည့်နိုင်ပါတယ်။ မိမိ နိုင်ငံတကာ မိတ်ဆွေများနဲ့လည်း လွတ်လပ်စွာဝေမျှနိုင်ပါတယ်။

အရေးတော်ပုံ အောင်ကို အောင်ရပါမယ်။

Today marks the 3rd year of military coup in Myanmar. In this revolution, the people of Myanmar are resisting the military dictatorship in every way they can. To raise awareness about what is happening in Myanmar during this (3) years time, our host Ma Nyein Chan May talks with Mr.Majid – Myanmar Officer from Stiftung Asienhaus Germany in this special podcast episode ” Myanmar in 2021 and 2024: Resilience and Voice of People”. Please feel free to share it to your international friends.

Leave a Reply

Your email address will not be published. Required fields are marked *