အထက်ဆင်

Hosted ByNyein Chan May

ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။

ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့ လူငယ်တွေဟာ ကမ္ဘာကြည့် ကြည့်နိုင်၊ ပြောနိုင်၊ မြင်နိုင်မလား?
အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အိပ်မက်ခွင့်ရှိကြဦးမလား?
လက်ရှိ ပြည်တွင်းရဲ့ နိုင်ငံရေး လူမှုရေးတွေမှာ ဖိုဝါဒီကြီးတဲ့ ကွန်ဆာဘေးတိုက်တွေရဲ့ အိုကြီးအိုမမျက်နှာတွေကို "အထက်ဆင်" Podcast က ငိုမဲ့မဲ့များဖြစ်သွားစေမလား?

မြန်ပြည်တလွှား Feminism လှုပ်ရှားမှုတွေရဲ့ ဦးစီးဦးဆောင်တွေကများ မျက်ခုံးပင့်ကြည့်ကြမလား? ဒါတော့ မိတ်ဆွေတို့ပဲ နားဆင်ကြည့်ကြပါတော့ရှင်။

အထက်ဆင် အစကနဦး

မငြိမ်းချမ်းမေကို သိပါသလား မိတ်ဆွေ? နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းကို စိတ်ဝင်စားသူ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ဖြတ်သန်းမှု၊ သင်ယူမှုနဲ့ ဓာတ်ပြုမှုတွေဟာ မငြိမ်းချမ်းမေရဲ့ “အထက်ဆင် Podcast” ဖြစ်လာပါတယ်။

အထက်ဆင် လို့ ကြားလိုက်တာနဲ့ “ဟ အမျိုးသမီးကိစ္စတွေ တော်ကီဖုတ်ကြတော့မယ် ထင်သဟ” လို့ မိတ်ဆွေတို့ ထင်မြင်မိကြမှာပါပဲ။ မှန်ပါတယ်။ မငြိမ်းချမ်းမေစကားယူပြောရရင်တော့ “အထက်ဆင်ဟာ သေးပေမဲ့လည်း ထမိန်လောက်နီးနီး ကွန်ဆာဘေးတိုက်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါတဲ့” ။ ကဲ နားဆင်ကြည့်ကြပါတော့ဗျို့။

Leave a Reply

Your email address will not be published. Required fields are marked *