ဓါတ်ပုံဆရာဘဝနောက်ခံ
ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီဆိုရင် ကိုယ်က အဲ့ဓါတ်ပုံအပေါ် ဘယ်လိုသဘောနဲ့ရိုက်လဲ မေးခွန်းထုတ်ဖူးကြလား။ လူတွေရဲ့ အပြုအမူလေးတစ်ခုက ကမ္ဘာတည်မယ့် မှတ်တမ်းမျိုးလည်း မဖြစ်သွားနိုင်ဘူးလို့ ပြောလို့ရလား။ ကိုယ့်ဓါတ်ပုံကိုယ် ဘယ်လောက်စေတနာရှိလဲ၊ ရိုးသားမှုရှိလဲ…?
အထက်ပါ မေးခွန်းတွေရဲ့ ဂယက်အနက်တွေအပြင် သတင်းမှတ်တမ်း ဓါတ်ပုံဆရာ ကိုရဲအောင်သူရဲ့ ဘဝအချိုးအဆစ်တချို့ကိုလည်း ဒီအစီအစဉ်မှာ ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒီအစီစဉ်ကို နှောင်းလူတွေအတွက် ဓါတ်ပုံပညာဆိုင်ရာ မှတ်တမ်းမှတ်ရာ တစ်ခုအနေနဲ့ ကျန်ရှိနေအောင် BPN ဝိုင်းတော်သားတွေနဲ့ ကိုရဲအောင်သူတို့ ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။
