Podcast For Change

14 Episodes | Ongoing
Hosted By BPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။


All Episodes

ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ်

ကမ္ဘာ့လူသားထုရဲ့ ပန်းတိုင်တွေထဲက တစ်ခုက “ခွဲခြားဆက်ဆံမှုကင်းဝေးရေး” လို့ဆိုကြပါတယ်။ လူသားသမိုင်းကိုပြန်ကြည့်ရင် သမိုင်းတင်ကတည်းက ခွဲခြားဆက်ဆံမှုရှိခဲ့တာဆိုတော့ ဒီပန်းတိုင်ရောက်ဖို့ လူတွေရှိသရွေ့ ကြိုးစားကြရမယ့် သဘောရှိတယ်။ ပန်းတိုင်ထားတယ်သာ ပြောတယ် အမျိုး၊ ဘာသာ၊ သာသနာ၊ ဥစ္စာဓန၊ ဂုဏ်ရည်၊...

ဘနိုဘိုလမ်းစဉ်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုတာ မြန်မာနိုင်ငံထက် သယံဇာတအများကြီး ပိုကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကွန်ဂိုရဲ့ နောက်ထပ်ကြွယ်ဝတဲ့ သယံဇာတကတော့ ဇီဝမျိုးကွဲတွေဖြစ်ပြီး အဲ့ဒီဇီဝမျိုးကွဲတွေထဲမှာမှ လူနဲ့အနီးစပ်ဆုံးတူညီတဲ့ ဘနိုဘိုမျောက်(Bonobo) တွေဟာလည်း ကွန်ဂိုမှာပဲရှိပါတယ်။ ဒါပေမဲ့ သယံဇာတကြွယ်ဝတိုင်း ချမ်းသာတဲ့နိုင်ငံမဖြစ်ဘူးဆိုတာ ကွန်ဂိုက သက်သေပြုနေပြန်ပါတယ်။...

၁၆ နှစ်တာ တရားမျှတမှုရှာပုံတော် (Bill Cosby)

ဒီ Episode ကို နားထောင်ရင် မိတ်ဆွေအနေနဲ့ အကျိုး ၃ ခုရှိပါလိမ့်မယ်။ခဏခဏတွေ့ဖူးနေတဲ့ ကြားဖူးနေတဲ့ #Metoo movement ဆိုတာတွေရဲ့ အရင်းခံ ဇာတ်လမ်း..။ အမေရိကန် ဖျော်ဖြေရေးလောက အရှုပ်တော်ပုံကြီးရဲ့ နတ်နေကိုင်းတွေနဲ့ တရားရေးမဏ္ဏိုင်ကြား...

ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ်

ကျေးလက်ဒေသတွေဆိုတာ တစ်ချိန်က ကိုယ်စီလောကနိဗ္ဗာန်လေးတွေနဲ့ ပျော်စရာဓလေ့တွေ အများကြီးရှိခဲ့ပါတယ်။ ချောင်းနားနီးတဲ့ရွာတွေဆိုရင်တော့ ကလေးတွေအတွက် စပါယ်ရှယ်ပေါ့။ ဒီအပိုင်းမှာ ချောင်းနားနီးတဲ့ရွာတစ်ရွာက ကလေးတစ်သိုက် ကစားကြရင်း ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကို အသက် ၁၂ နှစ်အရွယ် မောင်မောင်က ပြန်ပြောပြထားတာပါ။...