Podcast: Straight Forward

ခရီးသွားတဲ့မှို

ဒီတစ်ပတ်ရွှန်းနိုင်ရဲ့အစီစဉ်က စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။ ပြည့်နေဆို စကားဝိုင်းထဲမှာ ညိုကီ FM က ကိုဗဟိန်းကလည်း ပါတာကိုး။ ဒါပေမဲ့ အဓိက ဇာတ်လိုက်ကျော်ကြီးကတော့ ခရီးသည်ညိုကီတစ်ဦးပါပဲ။ သူတို့ဆွေးနွေးထားတဲ့ အကြောင်းအရာက ခရီးသွားတဲ့မှို အကြောင်းပါ။ အဲ့ဒီမှိုစားပြီးနောက်မှာ ခံစားရတဲ့အခြေအနေကို ဗန်းစကားအနေနဲ့ Trip တယ်၊ ခရီးသွားတယ်လို့ သုံးကြတယ်။ ဒီအပိုင်းမှာ မှိုခရီးသည်ကြီးရဲ့ ဒေသန္တရအတွေ့အကြုံတွေ နားဆင်ရမယ့်အပြင် စနစ်တကျ စပ်စုတတ်တဲ့ ရွှန်းနိုင်၊ အာဝဇ္ဇန်းကောင်းတဲ့ညိုကီတို့ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပုဂ္ဂလဓိဋ္ဌာန်တွေ ဆွေးနွေးထားပါတယ်။ နားထောင်ကြသူမိတ်ဆွေတို့လည်း ဗဟုသုတနဲ့ စဉ်းစားစရာတွေအများကြီး ပွားကြလိမ့်မယ့်လို့ ယုံကြည်မျှဝေလိုက်ပါတယ်။

Read More

ဝိသမလောကသား

ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်က မြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ ပုံမှန်မဟုတ်သော ချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ တင်ဆက်တဲ့ အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့ အရာတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်းမှုကို မှတ်တမ်းတင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့် နားဆင်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂလဆင်ခြင်တုံတရားနဲ့ ယှဉ်ထိုးစဉ်းစား ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း အစီစဉ်မှူးရွှန်းနိုင်က ရှင်းလင်းထားပါတယ်။

Read More

ဆရာကြီးပြောတဲ့ မူးယစ်ဆေးနဲ့ လောင်းကစား

ဒီတစ်ပတ် Podcast မှာတော့အာဏာသိမ်းပြီးခါစ ဆန္ဒပြချိန်ကာလတွေနဲ့နောက်ပိုင်းကာလ ရန်ကုန်မြို့ပြထဲ ပေါ်ပေါက်လာတဲ့ Night Life ပုံစံအသစ်၊အဲ့ကနေမှတဆင့် လောက်ကိုင်မြို့မှာ ရှိနေတဲ့ ကာစီနိုရုံတွေ အကြောင်း၊ မူးယစ်ဆေးဝါးတွေအကြောင်းကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ “ဆရာကြီး” လို့ အမည်ဝှက်ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ ရွှန်းနိုင်က တဲ့မေးထားတာတွေကို နားဆင်ရမှာပါ။

Read More

ဘိန်းစားတစ်ယောက်အကြောင်း

ဘိန်းစား တယ်ဆိုတာ မူးယစ်ဆေးဝါး သုံးသူတွေထဲမှာ အတော်အဆင့်မြင့်တဲ့ အထဲပါတယ်လို့ ပြောလို့ရတယ်။ ငွေကြေးလိုအပ်ချက်ရယ်၊ အသက်အန္တရာယ်ရယ်၊ နှစ်ရှည် ထောင်ကျနိုင်တဲ့ ပုဒ်မတွေရယ်၊ ဒါတွေအားလုံးကို ရင်းပြီးမှ “ဘိန်းစား” ဖြစ်ခွင့်ရှိကြတာ။ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ကျန်းမာရေး ပညာပေးတွေက ပြောတဲ့ ဘိန်းစားတဲ့ ဇာတ်ကြောင်းနဲ့ ကိုယ်တိုင်ဘိန်းစားတစ်ဦးအဖြစ် ကျေနပ်ကြည်ဖြူစွာ လက်ခံထားသူ လူငယ်တစ်ဦးရဲ့ ဇာတ်ကြောင်းဟာ ဘာတွေ ကွာခြားနေမလဲ? အဆုံးထိ အချိန်ပေး နားထောင်သူတွေပဲ သိပါလိမ့်မယ်။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma…

Read More

တဲ့တိုးပြောမယ့် ရွှန်းနိုင်မိတ်ဆက်

နားထောင်နေကြတဲ့ မိတ်ဆွေတွေ မင်္ဂလာပါ။ ကျွန်မ ရွှန်းနိုင်ပါ။ မူးယစ်ဆေးဝါးလို့ ပြောလိုက်ရင် ငယ်ငယ်က ပညာပေး အစီအစဉ်ပေါင်းများစွာကို ကျွန်မလိုပဲ အသိအာရုံထဲ စွဲနေကြမယ့်သူတွေ များမယ်ထင်တယ်။ မူးယစ်ဆေးဝါး တစ်ခုတည်းမှ မဟုတ်ပါဘူး။ နိုင်ငံပိုင် ရုပ်သံတွေကနေလွှင့်တဲ့ ခေါက်ရိုးကျိုး ပညာပေး အစီအစဉ်တွေ၊ ပြီးတော့ တက်တူးထိုး၍ လက်ဖြတ်လိုက်ရသူ အကြောင်းတို့၊ ငရဲမင်းကြီးနဲ့ တွေ့ခဲ့သူတို့ ဘာညာစတဲ့ ယုတ္တိမရှိတဲ့ ဝါဒဖြန့် ခပ်ပေါပေါ ရုပ်ရှင်တွေနဲ့ ပညာပေးဇာတ်လမ်း အမည်ခံတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းထဲ ပြန့်နှံ့ခဲ့တော့ ကျွန်မတို့မျိုးဆက်နဲ့ ရှေ့မျိုးဆက်အဆက်ဆက်ရဲ့ သိမှုတွေဟာ အကန့်အသတ်တွေနဲ့ ဖြစ်ခဲ့ကြရတယ်။ ကျွန်မရဲ့ ဒီပေါ့ဒ်ကတ်စ်ဟာ ပညာပေးအစီအစဉ် မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးရဲ့ တကယ့် အကျိုး၊ အပြစ်တွေကို ပြန်ပြီးမျှဝေပေးမယ့် လူပုဂ္ဂိုလ်တွေရဲ့ တကယ့် ဘဝအဖြစ်အပျက်တွေ အကြောင်းကို…

Read More