ကြောက်စိတ်အစား ယုံကြည်မှုတံတား
ရှုပ်ထွေးပွေလီလှတဲ့ခေတ်မှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုအန္တရာယ်ကလည်း နည်းလမ်းမျိုးစုံနဲ့ ကြောက်မက်ဖွယ် ဖြစ်ပေါ်နေပါတယ်။ ဒီတော့ ဒီအဖြစ်ပျက်တွေကြုံရတဲ့ ဘယ်လိင်စိတ်ခံယူချက်ရှိသူမဆို ကြောက်စိတ်အစားအချင်းချင်းယုံကြည်မှုတံတားတွေ တည်ဆောက်ခြင်းနဲ့ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ပတ်ဝန်းကျင်ကောင်းတွေ ဘယ်လိုပူးပေါင်းတည်ဆောက်ကြမလဲဆိုတာကို FHM နဲ့ BPN တို့စီစဉ်တဲ့ လက်ရည်တစ်ပြင်တည်းပေါ့ဒ်ကတ်စ်မှာ နားဆင်အတွေးပွား ဆင်ခြင်ကျင့်သုံးနိုင်ပါပြီ။
