Podcast: ခံစားမှုအက်ဆေးများ (ပေါ့ဒ်ကတ်စ်စီးရီး)

လမ်းထိပ်က နတ်ကန္နားပွဲ

မြန်မာတွေမှာ ဆိုင်းသံကြားတာနဲ့ မရိုးမရွဖြစ်တတ်တဲ့ ဗီဇဓလေ့ရှိတယ်။ နတ်ဆိုင်း၊ ဗလာဆိုင်း၊ ဇာတ်ဆိုင်း၊ အငြိမ့်ဆိုင်း၊ ရုပ်သေးဆိုင်း ဘာဆိုင်းဖြစ်ဖြစ်အသံကြားတာနဲ့ကို ခေါင်းတပြူပြူ ခြေတစ်လှုပ်လှုပ်ဖြစ်ကြတာပဲ။ မားကတ်တင်းအနေနဲ့လည်း များများစားစားမလိုပါဘူး။ ဆိုင်းတခြိမ့်ခြိမ့်နဲ့ဆို လူက အလျိုလျိုရောက်လာပြီးသား။ အထူးသဖြင့် နတ်ပွဲလိုမျိုး နတ်ဒိုးအယိုင်အမြင့်တွေ၊ ခုနှစ်သံချီတွေကို တီးခတ်သီဆိုနေကြတဲ့အခါ လူက နားထင်သွေးရောက်ပြီး ကြက်သီးထသလိုလို ပျော်သလိုလို မြူးထူးခုန်ဆွဖြစ်စေတော့တာ။ သူ့တီးချင်းတီးချက်တွေကိုက တခြားဆိုင်းတွေထက် ပိုပြီးမြိုင်ဆိုင်ကျယ်လောင်တယ်လေ။ ဒီအပိုင်းမှာ ရပ်ကွက်ထဲမှာလာလုပ်တဲ့ နတ်ပွဲအသံကြောင့် မနေနိုင် မထိုင်နိုင် ပြုံးစိစိနဲ့ စနည်းသွားနာတဲ့ အကြောင်းကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းတွေပေါ် တစ်ထစ်ချမရှိ၊ အာရုံနောက်စက်ဆုပ်တဲ့ ပစ္စက္ခစာရေးဆရာတစ်ယောက်ရဲ့ နတ်ပွဲထဲမှာပျော်ဝင်တွေးခေါ်နေတဲ့ ခံစားမှုအက်ဆေးတစ်ပုဒ်ကို ကြည်နူးနိုင်ပါပြီ။ အာဏာမသိမ်းခင် တစ်နှစ်တိတိက ရေးခဲ့တဲ့စာကို ၂၀၂၆ မှာ အသံအနေနဲ့ စာရေးသူကိုယ်တိုင် ရွတ်ဆိုပြောပြထားပါတယ်။ တစ်ခါတုန်းကနတ်ကန္နားပွဲတွေကို…

Read More

ဟိုမီးရာ

“မိမိတို့ရဲ့ ရည်မှန်းချက်က လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ အားလုံးလွှမ်းခြုံပါဝင်နိုင်မှုအပေါ် ခြေကုပ်ယူအခြေခံပြီး ဖန်တီးနိုင်စွမ်းရဲ့ ကမ္ဘာကြီးအပေါ် ပြောင်းလဲပုံသွင်းနိုင်မှုစွမ်းအားကို ယုံကြည်ပါတယ်”ဒီစကားဟာ ကမ္ဘာကျော်အစီစဉ်တစ်ခုဖြစ်တဲ့ International Writing Program (IWP) စာမျက်နှာမှာ ဖော်ပြထားတဲ့ ကောက်နုတ်ချက်တစ်ခုပါ။ IWP ဆိုတာ ကမ္ဘာ့စာပေကုလသမဂ္ဂလို့တောင် ထင်ရှားတင်စားကြပါတယ်။ လက်ရှိထိ နိုင်ငံပေါင်း ၁၆၀ က စာရေးသူအနုပညာရှင် ၁၆၀၀ ကျော်ကို အမေရိကန်နိုင်ငံ အိုင်အိုဝါမှာ‌‌ လေ့လာရေးအဖြစ် နေထိုင်စေပြီးတော့ အချင်းချင်းနှီးနှောဖလှယ်ကြဖို့ ထောက်ပံ့စုဖွဲ့ပေးခဲ့တဲ့ အစီစဉ်ပါ။ ကမ္ဘာ့စာပေယဉ်ကျေးမှုရဲ့ ပေါင်းကူးတံတားသဖွယ်ဖြစ်တဲ့အပြင် မြန်မာပြည်က ထင်ရှားတဲ့စာပေပညာရှင်‌တွေလည်း ရွေးချယ်တက်ရောက်ခွင့် ရဖူးပါတယ်။ အဲ့ဒီလူတချို့ထဲမှာ “ခံစားမှုအက်ဆေးများ”ကို တင်ဆက်နေတဲ့ စာရေးသူလည်းပါဝင်ပါတယ်။ ဒီအပိုင်းက စာရေးသူသွား‌ခဲ့တဲ့ခရီးကို အက်ဆေးအနေနဲ့ ပြန်လည်ရေးဖွဲ့ပြောပြထားတာပါ။ သူဆုံတွေ့ခဲ့ရတဲ့ အာဖဂန်နစ္စတန်က အကျော်အမော်စာရေးဆရာမတစ်ယောက်နဲ့ နေရာစိမ်း လူစိမ်း‌ ‌ဓလေ့စိမ်းတွေကြားက…

Read More

ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့

သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။ အခုအပိုင်းမှာ ဒီအရသာကို ဖမ်းယူ frequency ညှိနိုင်ပါပြီ။ အကြောင်းမျိုးစုံကြောင့် သင်္ကြန်ရေစိုခွင့်မရှိတဲ့၊ မရတဲ့ ရင်နှစ်သည်းချာအပေါင်းကိုလည်း ဒီအပိုင်းလေးနဲ့ BPN က လက်တို့လိုက်ပါတယ်။

Read More

သင်္ကြန်တမ်းချင်း

မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို စူးစူးရှရှ ထိုးဖောက်ခံစားနိုင်စေလိမ့်မယ်လို့ အာမခံပါတယ်။ သင်္ကြန်ကိုယ်၌ကိုက ခေတ်အဆက်ဆက် ဒဏ္ဍာရီအဟောင်းအသစ်တို့ ပွားစီးရာပွဲတော်ကာလကြီး တစ်ခုမဟုတ်လား။ ဝေဒနာအဟောင်းအသစ်၊ သီချင်းဟောင်းအသစ်၊ ခေတ်အဟောင်းအသစ်တွေကို စာရေးသူကိုယ်တိုင် မိတ်ဆွေကိုတီးတိုးပြောပြသွားမှာပါ။ အကြိုနေ့မှာ ဒီအပုဒ်လေးနားအရသာခံပြီး မင်္ဂလာယူလိုက်ကြပါဦး။

Read More

မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား

ခံစားမှုအက်ဆေးများ အပိုင်း (၁) မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား ရေးဖွဲ့ပြောပြသူ MYP ကမ္ဘာ့အခင်းကျင်းက တစ်နေ့အမျိုးမျိုး မရိုးရတဲ့ အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ အရှုပ်တော်ပုံတွေနဲ့ ငြီးငွေနောက်ကျိစရာကောင်းလှပါတယ်။ ခေတ်ရေစီးကိုက ဒီလိုမျိုးဆိုတော့ အလုံးစုံမစီးမျှောနိုင်ရင်တောင် လိုအပ်ချက်အရ လိုက်ပါစီးမျှောကြရတယ်။ ရသပိုင်းဆိုရင်လည်း တစ်ကမ္ဘာလုံးပေါကားရိုက်နေကြတဲ့ အနေအထားပါ။ အဲ့ဒီလိုပေါပေါတွေများများရှိလာတဲ့ လောကဓံကြီးမှာ တစ်ကွက်ဆို တစ်ကွက်ကြုံရတဲ့ စိတ်လက်အေးချမ်းခံစားရမှုတွေဟာ လူတွေ အားဆက်ရှင်သန်စရာ အတွေ့ကြုံတွေဖြစ်ပါတယ်။ အဲ့ဒီ အခိုက်အတန့်တွေက အရမ်းရှားပါးသွားတာတော့မဟုတ်ပါဘူး။ ပေါပေါလောလောမျှောနေတဲ့ အိုးခြမ်းပဲ့တွေရဲ့အောက်မှာ မြုပ်နေတဲ့အမြိုက်အိုးတွေလည်း အစီအရီ ရှိပါသေးတယ်။ အခုထုတ်လုပ်တင်ဆက်တဲ့ အစီအစဉ်ဟာ အိုးကောင်းများစွာထဲမှာ BPN ကတူးဖော်ခွင့်ရလိုက်တဲ့ နှစ်ချို့ရသာအိုးတစ်လုံးပါပဲ။ ဒါ့ပြင် စာရေးသူနဲ့ တင်ဆက်သူမတူတဲ့အစီစဉ်တွေထဲကမှ ထူးထူးခြားခြား စာရေးသူကိုယ်တိုင်ခံစားပြောပြထားတဲ့ အစီစဉ်လည်းဖြစ်ပါတယ်။ အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊…

Read More