Podcast: အထက်ဆင်

အမျိုးသမီးအရေး ၊ နိုင်ငံအရေး ၊ လူငယ်အရေး ၊ ငြိမ်းချမ်းမေ ပြောသည်။ Burma Podcast Network တင်ဆက်သည်။

ငရဲခွေးကြီးများ လွတ်နေသည်။

ကျွန်မတို့ ငယ်ငယ်ကတည်းက “ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့”လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ မဟုတ်တာ” “ဒါ သူ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ” “နင် ကိုက အကဲဆတ်လွန်းတာ၊ ဆန်းဆန်းတင့်လွန်းတာ” ဆိုပြီး တပြောတည်း ပြောကြပါတယ်။ အထက်ဆင် ကနေ တစ်ခါတည်း ပြောလိုက်ပါရစေ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ပတ်သက်လာရင် ကိုယ့်ဘက်က ဆန်းဆန်းတင့်လွန်းတယ် ဆိုတာ ရှိကို မရှိပါဘူး။ ကိုယ့်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ကျော်လာရင်၊ ကိုယ် လက်မခံနိုင်ရင်၊​ ကိုယ် သဘောမတူရင်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်ပါတယ်။ ဘယ်အရာတွေက…

Read More

ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ

မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီ Podcast မှာ.. ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ? ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ? မအလနဲ့အပေါင်းအပါတွေက နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ဂျာမနီနိုင်ငံမှာရော ဘယ်လိုလုပ်နေလဲ? လိင်အကြမ်းဖက်ခံရသူ၊ လူမဆန်စွာဆက်ဆံခံရသူ၊ နှိပ်စက်ညှင်းဆဲခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့အမှုတွေမှာ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ? နိုင်ငံရေးခိုလှုံခွင့်ရှာဖွေကြတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေအနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ? စသဖြင့် အကြောင်းအရာတွေ ပါဝင်ပါတယ်။

Read More

အထက်ဆင်နဲ့ဖက်ရှင်

ဘတ်စ်ကားပေါ် ဖင်နှိုက်ခံရပါတယ်ဆိုမှ ဘာဝတ်ထားလို့လဲ မမေးကြပါနဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ရေ…“တောင်းမှာ အကွပ် လူမှာအဝတ်” ဆိုတာ ရှိသည်မှန်သော်လည်း ကျွန်မတို့ရဲ့ အဝတ်အစားရွေးချယ်မှုက နှာဘူးများအတွက် ကျူးလွန်ခွင့်လက်မှတ်လား? တော်တို့ပဲ စဥ်းစားကြပါလေ။ စဥ်းစားရခက်ရင်တော့ “အထက်ဆင်နဲ့ဖက်ရှင်” ဆိုတဲ့မငြိမ်းချမ်းမေနဲ့ တော်လှန်သော ဖက်ရှင်ဒီဇိုင်နာ Nico တို့ အကြိတ်အနယ် ဆွေးနွေးတင်ဆက်ထားတဲ့ အပိုင်းလေး နားဆင်ကြည့်ပါဦး။

Read More

ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး

တစ်ဦးတစ်ယောက်ချင်းကြုံရတဲ့ ပြဿနာမဟုတ်တဲ့ ဖိုဝါဒကို ဘယ်လိုတိုက်ထုတ်ကြမလဲ? တရားမျှတမှုကို ရှာဖွေဖော်ဆောင်ဖို့အတွက် ဘာတွေလုပ်လို့ရနိုင်လဲ? ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်လှန်ရေးနယ်မြေထဲမှာ သတင်းသမားတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ ပါတနာတို့ကို အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အပေါ်မှာ ကာယကံရှင်နဲ့အတူ အထက်ဆင်က ငြိမ်းချမ်းမေက တွေ့ဆုံဆွေးနွေးထားပါတယ်။

Read More

စွတ်ချစ်တဲ့သူနဲ့ စွတ်မုန်းတဲ့သူ နှစ်မျိုးပဲရှိတဲ့ ဖိမနစ် နိုင်ငံခြားရေးဝါဒ

အထက်ဆင် မိတ်ဆွေတို့ရေ နိုင်ငံခြားရေးမူဝါဒ ဘယ်ကစလဲ၊ မြန်မာလို ဘယ်လိုဘာသာပြန်ဆိုထားလဲဆိုတာကို ငြိမ်းချမ်းမေက ဒီအပိုင်းမှာ တင်ဆက်ဆွေးနွေးထားပါတယ်။ မိတ်ဆွေတို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ နားဆင်ပြီး လွတ်လပ်စွာဖြင့် မျှဝေပေးကြပါဦးနော်။

Read More

လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်ခံလား

အထက်ဆင် Podcast က ငြိမ်းချမ်းမေ က “Sexual harassment” ဆိုတဲ့ စကားလုံးကို “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားအနှောင့်အယှက်ပေးခြင်း” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား နှောင့်ယှက်မှုတွေဟာ စနစ်တကျ တိုက်ဖျက်ရမယ့် မှုခင်း၊ လူယဉ်ကျေးတွေနေတဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာမှာ မရှိသင့်တဲ့ အလေ့အထ အဖြစ်အပျက် လို့ဆိုပါတယ်။မိတ်ဆွေတို့ကရော ငြိမ်းချမ်းမေနဲ့ သဘောထားတိုက်ဆိုင်ရဲ့လား။

Read More

အထက်ဆင် ပျံ/ပြန်လာပြီ

ပြောစရာတွေက များလွန်းလို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။ လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။ အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံနဲ့ တင်ဆက်ထားပါတယ်။မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ကြည့်ကြပါ။ ငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။

Read More

မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)

မနက်ဖြန်မှာ ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို BPN ဝိုင်းတော်သားများက လေးစားဂုဏ်ပြုသောအားဖြင့် “အထက်ဆင်” ပေါ့ဒ်ကတ်စ် ရဲ့ Host ဖြစ်တဲ့ မငြိမ်းချမ်းမေက “မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)” ကို တင်ဆက်ထားပါတယ်။ မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံက မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ရင်း နဲ့ အတွေးပွားနိုင်ကြပါစေ။ ဖိနှိပ်ခံရမှုပေါင်းစုံအောက်ကနေ အမျိုးသမီးများ ရုန်းကန် အုံကြွ ဉာဏ်သူပုန်ထ နိုင်ကြပါစေ။

Read More

Myanmar in 2021 and 2024: Resilience and Voice of People

ဒီနေ့ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊ လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှ မနားဘဲ ပါဝင်နေကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ Burma Podcast Network မှ အထက်ဆင် Podcast ရဲ့ Host မငြိမ်းချမ်းမေနဲ့အတူ Stiftung Asienhaus Germany မှ မြန်မာ့အရေးလေ့လာသူ Mr. Majid တို့ ဆွေးနွေးထားတဲ့ အထူး Episode ” Myanmar in 2021 and 2024: Resilience and Voice of People” Podcast ကို နားဆင်ကြည့်နိုင်ပါတယ်။…

Read More

အထက်ဆင် x ငါတို့လုံချည် ငါတို့အောင်ပွဲ

အထက်ဆင် | Special Episode ၂၀၂၁ မတ်လ ဝန်းကျင်ကစလို့ အမျိုးသမီးများရဲ့ ထမီကို လေပေါ်လွှင့်တင်ပြီး သပိတ်ထွက်လာတော့ စစ်မိစ္ဆာတွေကြောက်တယ်၊ ရှေးရိုးစွဲတွေက ခပ်တွန့်တွန့်လုပ်တယ်၊ ဘာသာရေးအစွန်းရောက်တွေ လန့်ကုန်ကြတယ်။ ထမီလောက်မကြီးပေမဲ့ သူ့ထက်တော့ ကွန်ဆာဗေးတိုက်တွေကို စိတ်ဒုက္ခပေးဖို့ မလျော့ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ အထက်ဆင် ပေါ့ဒ်ကတ်စ်က မငြိမ်းချမ်းမေက “ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မသဇင်ညွန့်အောင် နဲ့ Burma Podcast Network ရဲ့အထက်ဆင် Podcast မှာ စကားပြောဖြစ်ခဲ့ကြပါတယ်။ မြန်မာပြည်တော်လှန်ရေးခရီးမှာ အမျိုးသမီးများရဲ့ ပါဝါ၊ အသိဉာဏ်နဲ့ အခန်းကဏ္ဍကို ပညာရပ်စကားလုံးတွေနဲ့ အနောက်တိုင်းဆန်ဖို့ မကြိုးစားဘဲ မြန်မာဟန်နဲ့ပဲ အနှီအမျိုးသမီးနှစ်ဦး ထိထိမိမိပြောချသွားလိုက်တာ စစ်တပ်ကို ထိတယ်၊ ဒီမိုကရေစီသူရဲကောင်းဇာတ်ရုပ်နဲ့ အမျိုးသမီးများကို ထိကပါးရိကပါး လုပ်ချင်တဲ့…

Read More