အသက်ဓါတ်နဲ့ ရင်းရတဲ့အခါ
အတွဲလိုက်ထုတ်တဲ့ စာအုပ်တွေလို ခေါင်းစဉ်တပ်ရမယ်ဆိုရင်တော့ ဒီအပိုင်းဟာ 90 Minutes with Ye Aung Thu Podcast ရဲ့ တတိယပိုင်း (ဇာတ်သိမ်း) ပေါ့။ ဒီအစီအစဉ်ကို စပြီးပူးပေါင်းဆောင်ရွက်ကြကတည်းက ကိုယ်သိတာ၊ မသိတာ၊ မရှင်းတာတွေ အကုန်ရောမေးကြ၊ ကိုရဲအောင်သူက စိတ်ရှည်ရှည်နဲ့ ဖြေပေးရင်း အပိုင်းသုံးပိုင်းစာထိ ချဲ့ထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီ့အတွက် နားဆင်ကြသူတွေအဖို့ အများကြီးအကျိုးပွားမယ်၊ ကျေလည်းကျေနပ်ကြမယ်လို့ BPN ကယုံကြည်နေပါတယ်။ အခုဇာတ်သိမ်းပိုင်းမှာလည်း စစ်အတွင်းနဲ့ အကြပ်တည်းကာလတွင်းတွေမှာ အသက်ဓါတ်ကို ဉာဏ်ကူဆွဲဆန့်ပြီးတော့ မှတ်တမ်းယူနေကြတဲ့ စစ်အတွင်းသတင်းထောက်တွေ၊ ဓါတ်ပုံဆရာတွေရဲ့ စွန့်စားရုန်းကန်ကြရပုံတွေကို အက်ရှင်များများနဲ့ ကြားကြရမှာဖြစ်ပါတယ်။
Read More