ခံစားမှုအက်ဆေးများ (ပေါ့ဒ်ကတ်စ်စီးရီး)

Hosted ByBPN

အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကိုခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ဆက်စပ်တဲ့ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။ “အက်ဆေးတွေဟာ စာအားဖြင့်အရသာသိပ်ရှိပေမဲ့ အသံအားဖြင့်ဆိုရင်ရော အဆင်ပြေနိုင်မလား” ဆိုတဲ့သံသယကို ဒီအစီစဉ်နဲ့ ကြိုးစားအားစမ်းကြည့်ထားပါတယ်။ အပြုသဘောထောက်ပြကူညီမှုတွေကို ဝမ်းသာကြိုဆိုလျက်ပါ။ အဆွေတို့ အားလုံး ရသာအိုးကို ဖောက်ထုတ်မြည်းစမ်းနိုင်ကြပါစေ…
ဒီကဗျာဆန်လှပတဲ့အက်ဆေးတွေထဲမှာ
“သင့်ထက်ကြီးသူကိုတွေ့မယ်”
“ငယ်သူကိုတွေ့မယ်”
နောက်ဆုံး “သင့်ကိုယ်သင်တွေ့ပါလိမ့်မယ်”

ဘေထုပ်တန်း

ဗဟုစုံတဲ့ရန်ကုန်၊ အခုတော့ မှောင်အတိမှာပဲ လူတွေတရုန်းရုန်းနဲ့။ တကယ်လို့ တည်ထားတဲ့ဘုရားတွေရဲ့ အံ့ဖွယ်တွေထဲမှာ အမြဲတမ်းလူစည်ကားခြင်းဆိုတာပါခဲ့ရင် ရန်ကုန်ကိုက အဲ့လိုအံ့ဖွယ်ရှိတဲ့မြို့။ ရေကြည်ရာ မြက်နုရာအမှတ်နဲ့ ရန်ကုန်ရောက်ကြသူတွေဟာ အခက်ခဲဆုံးဖြတ်သန်းပြီးမှ ရေကြည်တစ်ပေါက် သောက်ခွင့်ရတဲ့မြို့။ ကြယ်ငါးလုံးဟိုတယ်အပေါ်ဆုံးထပ်ကနေ လမ်းဘေးပလက်ဖောင်းထိ လောကဓံအစုံရှိရာမြို့ပေါ့။

“Memory comes when memory’s old

I am never the first to know

Following the stream up North

Where do people like us float”

Lyrics – Fever Ray – “Keep the Streets Empty for Me” (2009)

သိပ်သိပ်သည်းသည်း အမှောင်ဆန်လှတဲ့ ကမ္ဘာကျော် Fever Ray ခွေက ၂၀၀၉ မှာထွက်တယ်။ အဲ့ဒီနောက် ၁၀ နှစ်အကြာမှာ စာရေးဆရာလည်း ရန်ကုန်က သူခေတ္တငှားရမ်းနေထိုင်ရာ ‌မြို့နယ်နောက်တစ်ခုရဲ့ ဘေထုပ်တန်းကို ထွက်ခဲ့တယ်။ ပတ်လျှောက်ကြည့်ရင်း အတွေးစဉ်မှာမြောနေရင်း Fever Ray ရဲ့ “Keep the Streets Empty for Me” သီချင်းဟာ စာရေးသူရဲ့ ခေါင်းထဲမှာ အော်တိုပဲ့တင်ထပ်ပြီးပွင့်နေပါလိမ့်မယ်။ သီချင်းရဲ့ခြောက်ခြားမှု၊ လူ့အဖွဲ့အစည်းရဲ့ ခွဲခြားမှုတွေကြားထဲက အနုပညာသမားတစ်ယောက်ရဲ့ လွင့်နေတဲ့အတွေး၊ လွင့်နေတဲ့အသံတွေ နားဆင်ပြီး လွင့်လိုက်ကြပါဦး။

ပင်လယ်မချေ – ခိုင်ကျော်လင်း + ဆြာစော

ဘုံကထိန် – လင်းခေးလုလင်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်