Voyagers ထဲက မအလ
ဇာတ်ကားက နာမည်ကျော် Voyager အာကာသယာဉ်တွေအကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာကာသစီမံကိန်းတစ်ခုအတွင်း၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းပုံစံငယ်လေး တစ်ခုအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ဗီဇစိတ်နဲ့ အပြုအမူ၊ အတွေးအခေါ်ပိုင်းတွေကို ပါးနပ်စွာထည့်ထားတယ်။ AI တွေကို အချင်းချင်းကမ္ဘာတစ်ခု တည်ဆောက်ပေးလိုက်ပြီး သူတို့ရဲ့အပြုမူတွေကို လေ့လာသလိုပေါ့။ အခု လူတွေဆိုတော့ AI ထက်ပိုမာယာများပြီး ထိန်းရခက်ပါတယ်။ ဒီအပိုင်းက လက်ရှိကိုယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတွေရဲ့ ဇစ်မြစ်က ဘယ်ကအစပြုလဲဆိုတာကို ရိပ်ဖမ်းသံဖမ်းအစဆွဲထုတ်နိုင်မယ့် ရုပ်ရှင်အက်ဆေးတစ်ပုဒ်ဖြစ်ပါတယ်။ သာမန်သိပ္ပံစိတ်ကူးယဉ်ကားဆိုပေမဲ့ စိတ်ကူးယဉ်စရာတွေ ဘယ်လောက်များလဲဆိုတာကိုတော့ MYP က ခံစားရေးဖွဲ့ပြီး Willam က ပြောပြသွားမှာဖြစ်ပါတယ်။ ခံစားမှုကို ပုံဖော်ရေးထားတဲ့ အက်ဆေးတွေဆိုတော့ Spoiler ဖြစ်မှာလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး။ ဒီအစီစဉ်ကို BPN ကသရုပ်ဖော်တဲ့ပုံစံအတိုင်း ဗွီဒီယိုကြည့်ပြီး နားထောင်လို့ရသလို၊ လုပ်ကိုင်သွားလာရင်း အသံဖိုင်လို နားထောင်ချင်ရင်လည်း အဆင်ပြေနိုင်ပါတယ်။ ထူးခြားတိုက်ဆိုင်တာက ဒီရုပ်ရှင်ကို လူတိုင်းခြောက်ညအိပ်မက်တွေမက်စေခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ခြင်းပါပဲ။ ခံစားကြည့်ကြပါဦး။
ဇာတ်ညွှန်း MYP
ဇာတ်ကြောင်းတင်ပြ William
ထုတ်လုပ်ဖန်တီး BPN