🎙️ Debate Podcast
ဤအစီအစဉ်ကို European Union 🇪🇺 မှ ပံ့ပိုးထားပါသည်
Burma Podcast Network ၏ အွန်လိုင်း ဒီဘိတ်အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ပညာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆွေးနွေးတင်ဆက်မှုများကိုလည်း Debate Podcast Episode အဖြစ် စနစ်တကျ ရိုက်ကူး ထုတ်လွှင့်ပေးမည်ဖြစ်သည်။ အစီအစဉ်အပြီးတွင် 1,200,000 MMK အဖွဲ့ဆုကြေးကိုလည်း ရရှိမည်ဖြစ်သည်။
BPN Debate Lab ဆိုတာ ဘယ်လိုအစီစဥ်လဲ
BPN Debate Lab သည် Burma Podcast Network (BPN) မှ စီစဉ်သော အွန်လိုင်း ဒီဘိတ်အစီအစဉ်တစ်ခုဖြစ်ပြီး European Union ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ထားသည်။ ဤအစီအစဉ်သည် လူမှုဘဝအစုံမှ လူငယ်များကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံရှိ ပညာရေးနှင့် လူငယ်ရေးရာ အကြောင်းအရာများကို လေးစားမှုရှိသော၊ မှန်ကန်သော အချက်အလတ်များကို အခြေပြုသည့် တွေးခေါ် ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန် ရည်ရွယ်ထားသည်။ ရွေးချယ်ခံရသည့်အသင်းများသည် အွန်လိုင်း ဒီဘိတ်အစီအစဉ်များတွင် ပါဝင်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ဆွေးနွေးချက်များကို ပရော်ဖက်ရှင်နယ်အဆင့်ဖြင့် ရိုက်ကူး၊ တည်းဖြတ်ပြီး Podcast အဖြစ် ထုတ်လွှင့်မည်ဖြစ်သည်။
ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ လူငယ်အသံများမပျောက်ကွယ်သွားစေရန် နှင့် လူငယ်များအကြား အတွေးအမြင်ဖလှယ်ဆွေးနွေးမှုကို မြှင့်တင်ရန်ဖြစ်သည်။
ဘာကြောင့် Debate Program ပြုလုပ်ဖြစ်တာလဲ
2021 ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံတွင် လူငယ်များအတွက် လွတ်လပ်ပြီး လုံခြုံသော အတွေးအမြင်ဖလှယ်နိုင်သည့် အွန်လိုင်းရော ၊ ပြင်ပဘဝတွင်ပါ နေရာများ တဖြည်းဖြည်း လျော့နည်းလာသည်။ ထို့ကြောင့် လေးစားမှုရှိသော ဆွေးနွေးမှုများ ၊ အဓိပ္ပါယ်ရှိသော ပြောဆိုဖလှယ်မှုများကို အတူတကွ အကောင်ထည်ဖော်ရန် ပို၍အရေးကြီးလာခြင်းဖြစ်သည်။
ပညာရေး ကို ဆွေးနွေးရန် ရွေးချယ်ရခြင်းမှာ မြန်မာနိုင်ငံရှိ နယ်ပယ်အစုံ ၊ဘဝအစုံ က လူငယ်များအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် အကြောင်းအရာ သည် “ပညာရေး” ဖြစ်ပြီး ၊ လူငယ်များ၏ ခေတ်နဲ့အညီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော ပညာရေးသည်ပင် မြန်မာလူငယ်များ၏ အနာဂတ်ကို ပုံဖော်ပေးမည့် အခြေခံအုတ်မြစ်တစ်ခုလဲဖြစ်သည်။
BPN Debate Lab သည် လူငယ်များအနေဖြင့် ပညာရေးအကြောင်းအရာများမှ အစပြု၍ အခြားအရေးကြီးသော အာရုံစိုက်သင့်သည့် အကြောင်းအရာများကို အတူတကွ အဖြေရှာခြင်း ၊ မတူညီသော အမြင်များကို နားထောင်ခြင်းနှင့် အချက်အလက်အခြေပြုသော ဒီဘိတ်များဖြင့် အတူတကွ ဆွေးနွေးနိုင်သည့် လုံခြုံသော ပလက်ဖောင်းတစ်ခုကို အစပြုလိုက်ခြင်းဖြစ်သည်။
ဘယ်သူတွေ လျှောက်ထားသင့်သလဲ?
ဤအစီအစဉ်တွင် ၃ ဦးပါ အဖွဲ့များသာ လျှောက်ထားနိုင်သည်။
အောက်ပါအချက်များနှင့် ကိုက်ညီသူများကို အထူးဖိတ်ခေါ်ပါသည်
• မြန်မာနိုင်ငံရှိ ပညာရေးနှင့် လူငယ်ရေးရာ အကြောင်းအရာများကို တွေးခေါ်ပြောဆိုရန် စိတ်ဝင်စားသူများ
- မတူညီသော အမြင်များကို လေးစားစွာ နားထောင်နိုင်သူများ
- မိမိ၏ အတွေးအမြင်များကို ရှင်းလင်းစွာ ဖော်ပြနိုင်ပြီး အဖွဲ့လိုက် လုပ်ဆောင်နိုင်သူများ
- ပါဝင်သူများအားလုံး၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလတ်များကို လေးစားကာကွယ်ရန် သဘောတူညီသူများ
- ဒီဘိတ်အစီအစဉ်များအတွက် လိုအပ်သည့် ပြင်ဆင်မှုများတွင် စိတ်အားထက်သန်သူစွာ ပါဝင်နိုင်သူများ
- အကြိုပြင်ဆင်မှု အွန်လိုင်းအစည်းအဝေးများနှင့် Debate အွန်လိုင်း ရိုက်ကူးမှုများတွင် ပါဝင်နိုင်သူများ
ယခင် ဒီဘိတ်အတွေ့အကြုံရှိခြင်း မလိုအပ်ပါ။ သင်ယူလိုစိတ်ရှိသူ မည်သူမဆို လျှောက်ထားနိုင်သည်။

Debate ပြုလုပ်မည့်အကြောင်းအရာ : မြန်မာနိုင်ငံရှိ လူငယ်နှင့် ပညာရေး
ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ လူငယ်များ၏ အတွေ့အကြုံများ၊ အခက်အခဲများနှင့် ပညာရေး၏ အနာဂတ်ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည် ။ ပညာရေးလက်လှမ်းမီမှု ၊ လူငယ်အခွင့်အလမ်းများ ၊ နည်းပညာနှင့် ပညာရေးရပ်ဝန်းအစရှိသည့် အကြောင်းအရာများပါဝင်နိုင်သည်
Debate ပြုလုပ်မည့်ခေါင်းစဥ်များ
- မြန်မာလူငယ်များသည် ကျောင်း/တက္ကသိုလ်သို့ ပြန်သွားခြင်းကို ဦးစားပေးသင့်သလား သို့မဟုတ် vocational skill များကို ဦးစားပေးသင့်သလား?
- ကျောင်းပြင်ပတွင်ရှိနေသော ကလေးများကို ပံ့ပိုးသင့်သလား သို့မဟုတ် ကျောင်းတွင်းရှိ ကျောင်းသားများကို ပိုမိုပံ့ပိုးသင့်သလား?
- ကလေးတိုင်းသည် မိခင်ဘာသာစကားဖြင့် မူလတန်းပညာရေး ရရှိသင့်သလား?
- စမတ်ဖုန်းအသုံးပြုမှုသည် ကျောင်းနှင့် သင်ယူမှုအခြေအနေတွင် အပြုသဘောထက် အနုတ်သဘော သက်ရောက်မှု ပိုများသလား?
အဖွဲ့ဆုကြေး
အစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်သော အဖွဲ့တစ်ဖွဲ့လျှင် 1,200,000 MMK ရရှိမည်ဖြစ်သည်။
အထူးသတိပြုရန်
- ဆုကြေးကို အဖွဲ့တစ်ဖွဲ့အတွက် တစ်ကြိမ်တည်းပေးမည်
- အဖွဲ့အတွင်း ခွဲဝေမှုကို အဖွဲ့သားများကိုယ်တိုင် စီမံရမည်
- အစီအစဉ်ပြီးဆုံးပြီး လိုအပ်သောစာရွက်စာတမ်းများ တင်ပြီးမှသာ ပေးချေမည်
အစီအစဉ်အချိန်ဇယား 📆
Stage 1: လျှောက်လွှာတင်ခြင်းနှင့် ရွေးချယ်ခြင်း — 6 July နောက်ဆုံးနေ့
Stage 2: Orientation နှင့် ပြင်ဆင်ခြင်း — 9 July
Stage 3: Debate ပြင်ဆင်ခြင်းနှင့် Coaching — July ဒုတိယအပတ်
Stage 4: Online Recording Sessions — July တတိယအပတ်
Stage 5: Digital Platforms တွင် ထုတ်လွှင့်ခြင်း
ရွေးချယ်ခံရသည့် အဖွဲ့များအတွက် အချိန်ဇယားကို နောက်ပိုင်းတွင် အသေးစိတ်ပေးမည်ဖြစ်သည်။
အရေးကြီးမှတ်ချက်များ
လုံခြုံရေးနှင့် Privacy
BPN Debate Lab အစီအစဉ်တစ်လျှောက်လုံးတွင် ပါဝင်သူများ၏ လုံခြုံရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ပါဝင်သူများကို အမည်မဖော်ပြခြင်း (anonymity) စနစ်များ၊ လုံခြုံသော data စီမံခန့်ခွဲမှုနှင့် risk mitigation နည်းလမ်းများဖြင့် အစီအစဉ်မစမီ၊ အစီအစဉ်အတွင်းနှင့် အစီအစဉ်ပြီးဆုံးပြီးနောက်တွင်လည်း မလိုအပ်သော အန္တရာယ်များကို လျှော့ချကာကွယ်ပေးမည်ဖြစ်သည်။
လူတိုင်း၏ လုံခြုံရေးကို ကာကွယ်ခြင်းသည် အားလုံးပူးပေါင်းလုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ ပါဝင်သူများသည် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်ထားရမည်ဖြစ်ပြီး၊ အကြံပြုထားသော လုံခြုံရေးစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည့်အပြင် အခြားပါဝင်သူအားလုံး၏ privacy နှင့် confidential အချက်အလက်များကို လေးစားကာကွယ်ရမည်ဖြစ်သည်။
အင်တာနက် နှင့် လျှပ်စစ်မီး ရရှိမှု
ပါဝင်သူများသည် အွန်လိုင်းအစည်းအဝေးများနှင့် ရိုက်ကူးမှုများတွင် အတားအဆီးမရှိ ပါဝင်နိုင်ရန် စိတ်ချရသော အင်တာနက်ချိတ်ဆက်မှုနှင့် သင့်တော်သော device တစ်ခု ရရှိထားရမည်ဖြစ်သည်။ ( ကင်မရာဖွင့်ရန်မလိုအပ်ပါ)
မြန်မာနိုင်ငံတွင် အင်တာနက်မတည်ငြိမ်မှုများ ဖြစ်နိုင်သဖြင့် ပါဝင်သူများအနေဖြင့် ဖြစ်နိုင်ပါက mobile data သို့မဟုတ် အခြား wifi network တစ်ခုကဲ့သို့ backup internet ကို ကြိုတင်ပြင်ဆင်ထားရန် အကြံပြုပါသည်။ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်လေ့ရှိသောဒေသများတွင် နေထိုင်သူများအတွက်လည်း backup power source ရှိထားရန် အထူးလိုအပ်ပါသည်။
ရိုက်ကူးရေးနှင့်ထုတ်လုပ်ရေး
BPN သည် ဤအစီအစဉ်တွင် ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် အမှန်တကယ်အထောက်အထားများကို ထုတ်လွှင့်ရာတွင် လုံးဝ ( လုံးဝ) ဖော်ပြသွားမည်မဟုတ်ပါ။
အစီအစဉ်ကို ပရော်ဖက်ရှင်နယ်အဆင့်ဖြင့် ရိုက်ကူးပြီး တည်းဖြတ်ကာ ထုတ်လွှင့်မည်ဖြစ်သည်။ BPN သည် ရွေးချယ်ထားသော၊ တည်းဖြတ်ထားသော Podcast ဗားရှင်းများကို ပညာရေးနှင့် လူထုအသိပညာတိုးတက်ရေး ရည်ရွယ်ချက်များအတွက် ထုတ်လွှင့်မည်ဖြစ်သည်။
BPN သည် ထုတ်လုပ်မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိသည်။ ၎င်းတွင် recording များကို တည်းဖြတ်ခြင်း၊ အတိုချုံ့ခြင်း၊ ပြန်လည်စီစဉ်ခြင်း၊ အပိုင်းများကို ရွေးချယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းနှင့် မည်သည့် content ကို ထုတ်လွှင့်မည် ၊ မထုတ်လွှင့်မည် သို့မဟုတ် လုံခြုံရေးအတွက် ပြန်လည်ဖြုတ်ချမည် အစရှိသည်တို့ကို ဆုံးဖြတ်ခွင့်တို့ ပါဝင်သည်။
အဖွဲ့ရွေးချယ်မှု မူဝါဒ
ယခု အစီစဥ်တွင် လျှောက်ထားလာသည့် အဖွဲ့များ၏ စိတ်အားထက်သန်မှု၊ သင်ယူလိုစိတ်နှင့် ဒီဘိတ်၏ အခြေခံအနှစ်သာရ များဖြစ်သော critical thinking, public speaking, questioning, reasoning နှင့် research and fact-finding တို့ကို စိတ်ပါဝင်စားစွာ သင်ယူလိုသည့် အဖွဲ့များကို ရွေးချယ်မည်ဖြစ်သည်။
အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင် ၃ ဦး (3 members) ပါဝင်ရမည်ဖြစ်သည်။ အဖွဲ့ဝင်အားလုံးသည် လျှောက်လွှာပုံစံကို ဖြည့်စွက်တင်သွင်းရမည်ဖြစ်ပြီး မပြည့်စုံသော အဖွဲ့လျှောက်လွှာများကို ရွေးချယ်မည်မဟုတ်ပါ။
လျှောက်လွှာနှင့် ပတ်သက်၍ မေးခွန်းများရှိပါက BPN Production Team ကို အောက်ပါ email မှတဆင့် ဆက်သွယ်နိုင်ပါသည် — bpn.admin@proton.me
ယခုအစီစဥ်နှင့်ပတ်သတ်သည့် မေးခွန်းများ မေးမြန်းရန် ။ bpn.admin@proton.me
About BPN
To date, BPN has produced 16 shows and more than 135 episodes, working with individuals and organizations from different fields. Our content reaches over 60,000 active listeners across Facebook, YouTube, TikTok, and other podcast platforms.
Our full-time committed production team, supported by research-based editorial work, ensures that every project we produce creates a positive impact for both the community and our collaborators.
Our mission is to promote analytical and critical thinking through well-crafted podcasts, amplify the voices of marginalized and under-represented professionals and active citizens, and inspire public awareness by connecting civic values with engaging, high-quality edutainment.