အတ္တနောမတိကာဖီ (A Podcast by ဒေါင်း)
“အနုပညာရှင်တစ်ဦး၏ လွတ်လပ်သော တင်ဆက်မှု”
ဒီအစီအစဥ်က ဒေါင်းရဲ့ ပရိသတ်တွေအတွက် ကိုယ်ချစ်ခင်ရတဲ့ အနုပညာရှင်နဲ့ ရင်ဘတ်ချင်း ထပ်နီးစပ်ဖို့ တံခါးတစ်ချပ်ဖြစ်ပါလိမ့်မယ်။
မပြောဖူးသေးတဲ့ အကြောင်းအရာတွေ၊ လူမသိတဲ့ စိတ်ခံစားချက်တွေနဲ့ ဇာတ်ညွှန်းမဲ့ တင်ဆက်မှုက ခံစားချက်အသစ် ကျိန်းသေပေါက် ဖြစ်မှာပါ။
ကော်ဖီချစ်သူမို့ နားထောင်သူတွေရှိသလို
Podcast တွေ နားဆင်ရတာကြိုက်လို့ နားထောင်သူတွေလည်း ရှိပါလိမ့်မယ်။
အပေါ်က နှစ်ခုလုံး စိတ်မဝင်စားဘူး၊ ဒေါင်းကို ကြိုက်လို့ နားထောင်တယ်ဆိုတဲ့လူတွေကတော့ ဒီ Post ကို Share ပြီး စိတ်တူကိုယ်တူတွေကို လက်တို့နိုင်ပါပြီ။ ဒီတစ်ပတ်ရဲ့ စနေည မြန်မာစံတော်ချိန် (၈)နာရီမှာ Burma Podcast Network ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ နားဆင်နိုင်မှာပါ။
ဒီပေါ့ဒ်ကတ်စ်ကို Burma Podcast Network မှ စီစဥ်တင်ဆက်ပါတယ်။