ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကိုမပယ်ပါနဲ့။

ဉာဏ်သူပုန်က မိတ်ဆွေများဟာ လူငယ်ဆိုတဲ့ ဖြစ်တည်မှုကို အလေးထားပါတယ်။
ဒီ Podcast တွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေတွေစုစည်းပြီး ကိုယ့်လူတို့ အချင်းချင်းကြားထဲမှာ ဆွေးနွေးစရာလေးတွေ ဆွေးနွေးကြဖို့ တိုင်ပင်ရင်း လုပ်ဖြစ်တာပါ။ လက်ရှိအသက်အထိ ဖြတ်သန်းလာကြတဲ့အခါမှာ မောင်ရင်တို့မျိုးဆက် အဆက်ဆက်ကြုံခဲ့ရတဲ့ ယဥ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေကို လူငယ်အချင်းချင်း နှီးနှောဖလှယ်ပြီး အမြင်တွေတိုက်ကြည့်ကြဖို့ ရည်ရွယ်ချက်ထားပါတယ်။
ဉာဏ်သူပုန်ရဲ့ Host တစ်ယောက်ဖြစ်တဲ့ မောင်ရင်က “အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကို မပယ်ပါနဲ့။” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဉာဏ်သူပုန် ထ ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်