iann Typhoon

ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ်

ကမ္ဘာ့လူသားထုရဲ့ ပန်းတိုင်တွေထဲက တစ်ခုက “ခွဲခြားဆက်ဆံမှုကင်းဝေးရေး” လို့ဆိုကြပါတယ်။ လူသားသမိုင်းကိုပြန်ကြည့်ရင် သမိုင်းတင်ကတည်းက ခွဲခြားဆက်ဆံမှုရှိခဲ့တာဆိုတော့ ဒီပန်းတိုင်ရောက်ဖို့ လူတွေရှိသရွေ့ ကြိုးစားကြရမယ့် သဘောရှိတယ်။ ပန်းတိုင်ထားတယ်သာ ပြောတယ် အမျိုး၊ ဘာသာ၊ သာသနာ၊ ဥစ္စာဓန၊ ဂုဏ်ရည်၊ သူ့ဖက်ကိုယ့်ဖက်တွေနဲ့ ရှုပ်ယှက်နေတဲ့လူတွေဟာ လက်နက်ကိုင် စစ်ပွဲတွေမှာတော့ ဆိုင်ရာဖက်ခြမ်းအသီးသီးက လူသတ်လက်နက်ကိုယ်စီသုံးကြပါတယ်။ အဲ့ဒီလက်နက်တွေထဲမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တန်ချိန်သိန်းသန်းချီ ပါဝင်နေပါတယ်။ လူချင်းချင်းသာခွဲခြားတာရှိမယ် အဲ့ဒီပစ္စည်းတွေကတော့ ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ ဘယ်သူ့တွက်မဆို အန္တရာယ်အကြီးကြီး ကျရောက်သွားနိုင်ပါတယ်။ ဒီပစ္စည်းတွေရဲ့ အန္တရာယ်ကို ကမ္ဘာအရပ်ရပ်က လူသားတွေ ကာကွယ်တန်ပြန်ဖို့၊ နောက်အသုံးမပြုကြဖို့ ဆော်ဩတိုက်တွန်းနေကြပေမဲ့ လူ့အဖွဲ့အစည်းတွင်း ငြိမ်းချမ်းမှုမရှိတဲ့ ပဋိပက္ခဒေသတွေမှာ နေ့စဉ်အသစ်အသစ်သော မိုင်းနဲ့ပေါက်ကွဲပစ္စည်းတွေ ထောင်နေ၊ သုံးနေ၊ ကြဲချနေကြတုန်းပါပဲ။ ဒီအပိုင်းမှာ…

Read More

ခရီးသွားတဲ့မှို

ဒီတစ်ပတ်ရွှန်းနိုင်ရဲ့အစီစဉ်က စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။ ပြည့်နေဆို စကားဝိုင်းထဲမှာ ညိုကီ FM က ကိုဗဟိန်းကလည်း ပါတာကိုး။ ဒါပေမဲ့ အဓိက ဇာတ်လိုက်ကျော်ကြီးကတော့ ခရီးသည်ညိုကီတစ်ဦးပါပဲ။ သူတို့ဆွေးနွေးထားတဲ့ အကြောင်းအရာက ခရီးသွားတဲ့မှို အကြောင်းပါ။ အဲ့ဒီမှိုစားပြီးနောက်မှာ ခံစားရတဲ့အခြေအနေကို ဗန်းစကားအနေနဲ့ Trip တယ်၊ ခရီးသွားတယ်လို့ သုံးကြတယ်။ ဒီအပိုင်းမှာ မှိုခရီးသည်ကြီးရဲ့ ဒေသန္တရအတွေ့အကြုံတွေ နားဆင်ရမယ့်အပြင် စနစ်တကျ စပ်စုတတ်တဲ့ ရွှန်းနိုင်၊ အာဝဇ္ဇန်းကောင်းတဲ့ညိုကီတို့ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပုဂ္ဂလဓိဋ္ဌာန်တွေ ဆွေးနွေးထားပါတယ်။ နားထောင်ကြသူမိတ်ဆွေတို့လည်း ဗဟုသုတနဲ့ စဉ်းစားစရာတွေအများကြီး ပွားကြလိမ့်မယ့်လို့ ယုံကြည်မျှဝေလိုက်ပါတယ်။

Read More

ဝန်ထမ်းဘဝအက်ဆေးတချို့

အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတို့နဲ့ ဘဝတူအခြေအနေတချို့ ကို မီးဆလိုက်နဲ့ တစ်ကွက်ချင်းထိုးထားပါတယ်။ ဒီအပိုင်းဟာ ဝန်ထမ်းလောကအကြောင်း ပတ်သက်ပြီး မောင်ရင်ပြောထားတဲ့ ဒုတိယနဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ နောက်ဆုံးမှာ သူထုတ်ထားတဲ့မေးခွန်းကိုလည်း BPN ကတဆင့် တဆိတ်ပြန်ဖြေခဲ့ကြလို့ ရပါသေးတယ်။ မာရသွန်ပြောထားတဲ့အပိုင်းဆိုတော့ နားထောင်ကြသူတွေကို သူ့လေနဲ့ပြောရရင် “နားသည်းခံတော်မူကြပါဦးဗျို့” လို့အရွှန်းဖောက်ချင်ပါတယ်။

Read More

ဘနိုဘိုလမ်းစဉ်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုတာ မြန်မာနိုင်ငံထက် သယံဇာတအများကြီး ပိုကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကွန်ဂိုရဲ့ နောက်ထပ်ကြွယ်ဝတဲ့ သယံဇာတကတော့ ဇီဝမျိုးကွဲတွေဖြစ်ပြီး အဲ့ဒီဇီဝမျိုးကွဲတွေထဲမှာမှ လူနဲ့အနီးစပ်ဆုံးတူညီတဲ့ ဘနိုဘိုမျောက်(Bonobo) တွေဟာလည်း ကွန်ဂိုမှာပဲရှိပါတယ်။ ဒါပေမဲ့ သယံဇာတကြွယ်ဝတိုင်း ချမ်းသာတဲ့နိုင်ငံမဖြစ်ဘူးဆိုတာ ကွန်ဂိုက သက်သေပြုနေပြန်ပါတယ်။ ဒီမတည်ငြိမ်မှုတွေကြောင့် ဘနိုဘိုတွေမှာ မျိုးသုဉ်းလုအန္တရာယ်တွေ ရှိနေတယ်။ ဘနိုဘိုတွေရဲ့ ထူးခြားဆန်းပြားပုံတွေ အမျိုးမျိုးထဲမှာ အထီးအမ သဟဇာတကျကျ စုပေါင်းခေါင်းဆောင်စနစ်နဲ့ လူဆန်ဆန်ပြုမူ ဆောင်ရွက်ကြပုံတွေပါပါတယ်။ ဒီပေါ့ဒ်ကတ်စ်ထဲမှာ ဘနိုဘိုတွေအကြောင်း၊ စုပေါင်းခေါင်းဆောင်မှု၊ ခေါင်းဆောင်မှုစွမ်းရည်ကို တစ်ဆင့်ချင်းကြိုးစား ရရှိမှုတွေအကြောင်း ဝါရင့်ရုပ်သံအစီစဉ်တင်ဆက်သူ ဦးချမ်းအေးရဲ့အသံနဲ့ နားဆင်ကြရမှာ ဖြစ်ပါတယ်။ နားဆင်ကြသူအားလုံး လောကအမှောင်ကို ဉာဏ်မီးရောင်နဲ့ မြင်ကြားနိုင်ကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။

Read More

ခေတ်သစ်ကမ္ဘာထဲ စိတ်ကြည်စေ

Social media သုံးပြီး ဝမ်းသာတာ၊ စိတ်မကောင်းဖြစ်တာ၊ ပျော်တာ၊ ဒေါသထွက်တာ စသဖြင့် စိတ်ခံစားချက်မျိုးစုံကို မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြရပါတယ်။ အခုလို ခံစားချက်တွေ တက်လိုက် ကျလိုက်နဲ့ ရှုပ်ထွေးနေတာက မိတ်ဆွေတို့ သတိမထားမိလိုက်ချိန်မှာပဲ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးအပေါ်ကို အကျိုးသက်ရောက်မှုတွေ ရှိလာစေပါတယ်။ မိတ်ဆွေတို့ ကျန်းမာ အကျိုးများစေရန် ရည်ရွယ်ပြီး BPN က ထုတ်လုပ်ထားတဲ့ Podcast for Well Being ကဏ္ဍရဲ့ အပိုင်း (၂) မှာ သတင်းအချက်အလက်တွေကို ဘယ်လိုစစ်ထုတ်ကန့်သတ်ကြမလဲ ဆိုတာကို Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes က…

Read More

၁၆ နှစ်တာ တရားမျှတမှုရှာပုံတော် (Bill Cosby)

ဒီ Episode ကို နားထောင်ရင် မိတ်ဆွေအနေနဲ့ အကျိုး ၃ ခုရှိပါလိမ့်မယ်။ခဏခဏတွေ့ဖူးနေတဲ့ ကြားဖူးနေတဲ့ #Metoo movement ဆိုတာတွေရဲ့ အရင်းခံ ဇာတ်လမ်း..။ အမေရိကန် ဖျော်ဖြေရေးလောက အရှုပ်တော်ပုံကြီးရဲ့ နတ်နေကိုင်းတွေနဲ့ တရားရေးမဏ္ဏိုင်ကြား အပေးအယူကိစ္စတွေ…။ နောက်ဆုံးတစ်ခုကတော့ လိင်အကြမ်းဖက်သူ ဘိုးတော်ဆရာကြီးတွေကို ပညာပေးဖို့ အမျိုးသမီးထုက စတင်လိုက်တဲ့ လှိုင်းဟာ အမေရိကမှာတင်မကပဲ ကမ္ဘာအနှံ့ ဘယ်လိုပြန့်သွားသလဲဆိုတာပါပဲ…။ အကျိုးရှိဖို့အာမခံပါတယ်။ မိတ်ဆွေတို့ အချိန်ရှိဖို့သာ အားထုတ်ပြီး နားဆင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Read More

ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ်

ကျေးလက်ဒေသတွေဆိုတာ တစ်ချိန်က ကိုယ်စီလောကနိဗ္ဗာန်လေးတွေနဲ့ ပျော်စရာဓလေ့တွေ အများကြီးရှိခဲ့ပါတယ်။ ချောင်းနားနီးတဲ့ရွာတွေဆိုရင်တော့ ကလေးတွေအတွက် စပါယ်ရှယ်ပေါ့။ ဒီအပိုင်းမှာ ချောင်းနားနီးတဲ့ရွာတစ်ရွာက ကလေးတစ်သိုက် ကစားကြရင်း ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကို အသက် ၁၂ နှစ်အရွယ် မောင်မောင်က ပြန်ပြောပြထားတာပါ။ အလားတူအဖြစ်အပျက်တွေဟာ ပျော်စရာနိဗ္ဗာန်လေးတွေဖြစ်ခဲ့တဲ့ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ထူးမခြားနား ထူးခြားဖြစ်စဉ်တွေဖြစ်ပါတယ်။ ကဲ ဒီအစီအစဉ်ကို မောင်မောင့်ပြန်ပြောပြမှုနဲ့အတူ Podcast For Change ရဲ့ ပထမဆုံး Episode ကို Burma Podcast Network ရဲ့ Platform တွေမှာ နားဆင်နိုင်ပါပြီ။ ဇာတ်ကြောင်းပြောပြသူ မောင်မောင်အဖြစ် အသက် ၁၂ နှစ်အရွယ် ဇေရဲထက်နိုင်က ကူညီအသံသွင်းထားပါတယ်။

Read More

ဒဏ်ကြေအောင်ဂျင်းအုံခြင်း

မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။ ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ကတ်၏ “အသစ်တင်အဟောင်းပိုင်း” ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတွင် တင်ခဲ့ပြီး ယခုနောက်ပိုင်း အသစ်ဖွင့်လှစ်သော ချန်နယ်များတွင် မတင်ရသေးသည့် “ဖောင်းထုစရာအဖြာဖြာ” ကဏ္ဍမှအပိုင်းတချို့ဖြစ်သည်။ ထိုအပိုင်းများထဲမှ ဘာသာရေးဆိုင်ရာဆွေးနွေးထားသည့် အပိုင်း ၂ ပိုင်းကို “ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား” နှင့် ယခုအပိုင်းအဖြစ် BPN ကတည်းဖြတ်ပြီး ပြန်လည်တင်ဆက်ထားပါသည်။ ဘာသာရေးအကြောင်းများမတင်ဆက်မီ ကြိုတင်ရှင်းလင်းချက်ပေးသည့် Disclaimer သဘောဆန်သော မောင်ရင်၏ အစောပိုင်းဆွေးနွေးချက်များကို “ဒဏ်ကြေအောင်ဂျင်းအုံခြင်း”တွင် နားဆင်နိုင်ကြမည်ဖြစ်ပါသည်။

Read More

ဝိသမလောကသား

ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်က မြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ ပုံမှန်မဟုတ်သော ချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ တင်ဆက်တဲ့ အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့ အရာတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်းမှုကို မှတ်တမ်းတင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့် နားဆင်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂလဆင်ခြင်တုံတရားနဲ့ ယှဉ်ထိုးစဉ်းစား ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း အစီစဉ်မှူးရွှန်းနိုင်က ရှင်းလင်းထားပါတယ်။

Read More

ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား

ဘာပွဲလုပ်လုပ် ရှေ့ဆုံးတန်းကနေ ပွဲတိုင်းကျော် အခန့်သားထိုင်ခုံချပေးထားရတဲ့ ဌာနဆိုင်ရာဂုဏ်သရေရှိလူကြီးမင်းများရှိပါတယ်။ အဲ့ဒီလူကြီးမင်းဆိုသူတွေကနေ လမ်းဘေးမှာအော်ဟစ်နေကြတဲ့ ယစ်ထုပ်လူကြီးမင်းတွေအထိ သူတို့ရဲ့ဂုဏ်သရေဆိုတာကြီးကို ထုံးစံအတိုင်း ဉာဏ်သူပုန်ထထားပါတယ်။ ဒီအပိုင်းကနေ နောက်ထပ်အပိုင်းတချို့အတွင်း မြန်မာပြည်က ဝန်ထမ်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကြားသိကြရမှာ ဖြစ်ပါတယ်။ တချိန်က ပြည်သူတွေကို အယောင်ပြယုတ္တိတွေသွင်းပြီး တစ်ပတ်ရိုက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ဥပမာ ဥပမေယျတွေနဲ့ အစီစဉ်တင်ဆက်သူမောင်ရင်က ချေးခြောက်ကို ရည်ရွယ်ချက်ရှိရှိ ရေနှူးထားတာတွေ ပါဝင်မှာပါ။

Read More