ငယ်ဘဝပညာရပ်ဝန်း
ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတ ဆင်ကြည့်ကြရအောင်ဗျို့!
Read Moreတောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။
မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။
ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတ ဆင်ကြည့်ကြရအောင်ဗျို့!
Read Moreဉာဏ်သူပုန်က မိတ်ဆွေများဟာ လူငယ်ဆိုတဲ့ ဖြစ်တည်မှုကို အလေးထားပါတယ်။ဒီ Podcast တွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေတွေစုစည်းပြီး ကိုယ့်လူတို့ အချင်းချင်းကြားထဲမှာ ဆွေးနွေးစရာလေးတွေ ဆွေးနွေးကြဖို့ တိုင်ပင်ရင်း လုပ်ဖြစ်တာပါ။ လက်ရှိအသက်အထိ ဖြတ်သန်းလာကြတဲ့အခါမှာ မောင်ရင်တို့မျိုးဆက် အဆက်ဆက်ကြုံခဲ့ရတဲ့ ယဥ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေကို လူငယ်အချင်းချင်း နှီးနှောဖလှယ်ပြီး အမြင်တွေတိုက်ကြည့်ကြဖို့ ရည်ရွယ်ချက်ထားပါတယ်။ဉာဏ်သူပုန်ရဲ့ Host တစ်ယောက်ဖြစ်တဲ့ မောင်ရင်က “အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကို မပယ်ပါနဲ့။” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဉာဏ်သူပုန် ထ ပါတယ်။
Read More