ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

ဝန်ထမ်းဘဝအက်ဆေးတချို့

အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတို့နဲ့ ဘဝတူအခြေအနေတချို့ ကို မီးဆလိုက်နဲ့ တစ်ကွက်ချင်းထိုးထားပါတယ်။ ဒီအပိုင်းဟာ ဝန်ထမ်းလောကအကြောင်း ပတ်သက်ပြီး မောင်ရင်ပြောထားတဲ့ ဒုတိယနဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။

နောက်ဆုံးမှာ သူထုတ်ထားတဲ့မေးခွန်းကိုလည်း BPN ကတဆင့် တဆိတ်ပြန်ဖြေခဲ့ကြလို့ ရပါသေးတယ်။ မာရသွန်ပြောထားတဲ့အပိုင်းဆိုတော့ နားထောင်ကြသူတွေကို သူ့လေနဲ့ပြောရရင် “နားသည်းခံတော်မူကြပါဦးဗျို့” လို့အရွှန်းဖောက်ချင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်