Straight Forward

Hosted ByShoon Naing

Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။

နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း သိကြပါတယ်။ လူငယ်ဘဝမှာ လူကြီးကြိုက်အောင် နေခဲ့သူတွေကတော့ ဒီအရှိန်ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ အဲ့အရှိန်ဆိုတာကြီးက မှန်တာ/မှားတာ တရားတာ/မတရားတာ မဟုတ်ဘူး ပြင်းအားသက်သက်ပါပဲ။ လူ့အဖွဲ့အစည်းရဲ့ တံတိုင်းတွေ၊ ချည်နှောင်မှုတွေ၊ သံကွန်ချာတွေကို ဒီအရှိန်နဲ့ပဲ ရုန်းထွက်ကြတယ်။ ရွှန်းနိုင်ရဲ့ Straight Forward Podcast မှာ ဒီအရှိန်တစ်ခုကို ကောင်းကောင်းကြီး ခံစားရမယ်လို့ အာမခံတယ်။

မှန်တာ/မှားတာ တရားတာထက် လူငယ်တွေမှာ ဘဝဓါတ်ခွဲခန်းထဲက အတွေ့အကြုံတွေရှိတယ်။ ဒီအတွေ့အကြုံတွေကို တဲ့တိုးတင်ဆက်သွားမှာကတော့ မြန်မာနိုင်ငံက ကလောင်ထက်တဲ့ သတင်းထောက်တွေထဲက တစ်ဦးဖြစ်သူ ရွှန်းနိုင်ပဲဖြစ်ပါတယ်။ ရွှန်းနိုင်ဟာ နိုင်ငံတကာ သတင်းလောကမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ ပူလစ်ဇာဆုရ ရှားပါးအမျိုးသမီးသတင်းထောက်ပါ။ ဒီအစီစဉ်ကို Burma Podcast Network မှ ဂုဏ်ယူစွာ ပူးပေါင်းတင်ဆက်ထားပါတယ်။

ဘိန်းစားတစ်ယောက်အကြောင်း

ဘိန်းစား တယ်ဆိုတာ မူးယစ်ဆေးဝါး သုံးသူတွေထဲမှာ အတော်အဆင့်မြင့်တဲ့ အထဲပါတယ်လို့ ပြောလို့ရတယ်။ ငွေကြေးလိုအပ်ချက်ရယ်၊ အသက်အန္တရာယ်ရယ်၊ နှစ်ရှည် ထောင်ကျနိုင်တဲ့ ပုဒ်မတွေရယ်၊ ဒါတွေအားလုံးကို ရင်းပြီးမှ “ဘိန်းစား” ဖြစ်ခွင့်ရှိကြတာ။

ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ကျန်းမာရေး ပညာပေးတွေက ပြောတဲ့ ဘိန်းစားတဲ့ ဇာတ်ကြောင်းနဲ့ ကိုယ်တိုင်ဘိန်းစားတစ်ဦးအဖြစ် ကျေနပ်ကြည်ဖြူစွာ လက်ခံထားသူ လူငယ်တစ်ဦးရဲ့ ဇာတ်ကြောင်းဟာ ဘာတွေ ကွာခြားနေမလဲ? အဆုံးထိ အချိန်ပေး နားထောင်သူတွေပဲ သိပါလိမ့်မယ်။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။

Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်