ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

သဘာဝဘေးမှတ်စု

ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ မိုးကြီး၊ အပူလိုင်းဖြတ် စတဲ့ဘေးတွေဟာ မောင်ရင်တို့ ခေတ်သစ်ကမ္ဘာရဲ့ သာမန်နေ့တွေပါပဲ All friend ဆိုတဲ့သဘောတွေ ဖြစ်လာမှာမို့ ဒါတွေနဲ့ လိုက်လျောညီထွေ နေသားကျအောင် ကြံဖန်အသက်ရှင်ကြရမယ့် အခြေအနေတစ်ခုဖြစ်နေပြီလို့ ပညာရှင်တွေက ပြောနေကြပြီ ဖြစ်ကြောင်း မောင်ရင်က “သဘာဝဘေးမှတ်စု” ဆိုပြီး ဉာဏ်သူပုန်ထထားပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်