ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။

မြန်မာ့လူ့အဖွဲ့စည်းမှာ “အောင် လံ ထူ စစ် သူ ကြီး ပွဲ” ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူ‌တွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။

တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါ‌‌ပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆို‌ကြတယ်။

ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။

ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာ အရောင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါ‌သေးတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်