ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

ဒဏ်ကြေအောင်ဂျင်းအုံခြင်း

မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။

ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ကတ်၏ “အသစ်တင်အဟောင်းပိုင်း” ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတွင် တင်ခဲ့ပြီး ယခုနောက်ပိုင်း အသစ်ဖွင့်လှစ်သော ချန်နယ်များတွင် မတင်ရသေးသည့် “ဖောင်းထုစရာအဖြာဖြာ” ကဏ္ဍမှအပိုင်းတချို့ဖြစ်သည်။ ထိုအပိုင်းများထဲမှ ဘာသာရေးဆိုင်ရာဆွေးနွေးထားသည့် အပိုင်း ၂ ပိုင်းကို “ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား” နှင့် ယခုအပိုင်းအဖြစ် BPN ကတည်းဖြတ်ပြီး ပြန်လည်တင်ဆက်ထားပါသည်။

ဘာသာရေးအကြောင်းများမတင်ဆက်မီ ကြိုတင်ရှင်းလင်းချက်ပေးသည့် Disclaimer သဘောဆန်သော မောင်ရင်၏ အစောပိုင်းဆွေးနွေးချက်များကို “ဒဏ်ကြေအောင်ဂျင်းအုံခြင်း”တွင် နားဆင်နိုင်ကြမည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်