ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

သက်ရှိဉာဏ်သူပုန် ဗားရှင်း ၂၀၂၄

“ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။

ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စကြီးဗျာ။ ဘယ်သူက မင်္ဂလာခေါင်းစဉ်တပ်ချင်မလဲ။ တပ်ရင် ကိုယ့်လူတို့လည်း ကြံ့ခိုင်ရေးက ခင်ရီတို့၊ မဘသက ဝီရသူတို့၊ ပျူစောထီးခေါင်း ဝါသဝတို့ စစ်တပ်လော်ဘီအောက်တန်းစား တစ်အုပ်တို့နဲ့ တန်းညီသွားမှာ။”

အပေါ်ကစကားက စစ်အာဏာသိမ်း ၄ နှစ်ပြည့် အတွက် မောင်ရင်ရဲ့ “ဉာဏ်သူပုန်ဗားရှင်း ၂၀၂၄” ပေါ့ဒ်ကတ်စ်ထဲက ဉာဏ်သူပုန်ထမှု အချို့ ဖြစ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်